လူသားတစ်ယောက်ဟာ ကျန်းမာသန်စွမ်းစွာ လှုပ်ရှားရုန်းကန်နိုင်ဖို့ ဗီတာမင်ဓာတ် ကြွယ်ဝဖို့ လိုအပ်ပါတယ်။ ငယ်စဉ် ကျောင်းသားဘဝတုန်းက ကျောင်းက ဆရာ၊ ဆရာမတွေဟာ ဗီတာမင် ဓာတ်စုံကြွယ်ဝအောင် ဟင်းသီးဟင်းရွက်၊ အသားငါးတို့ကို မျှမျှတတစားဖို့ကို သင်ကြားပြသပေးခဲ့တာ ဖြစ်ပါတယ်။ ခေတ်မီတိုးတက်လာတဲ့ ယနေ့ခေတ်ကြီးမှာလည်း မိဘများက သားသမီးများကို ငယ်စဉ် ကလေးဘဝကတည်းကနေပြီးတော့ အာဟာရဓာတ် စုံလင်အောင် သင့်တင့်မျှတဲ့ အစားအစာမျိုးစုံကို ကျွေးမွေးလာကြပြီဖြစ်ပါတယ်။ အရွယ်ရောက်ပြီးလို့ လုပ်ငန်းခွင်ထဲ ဝင်ရောက်လာတဲ့အခါမှာတော့ အလုပ်ကိစ္စ၊ မိသားစုကိစ္စ၊ လူမှုရေးကိစ္စအဝဝတွေကို အချိန်ယူဖြေရှင်းရတာကြောင့် မိမိရဲ့ လူနေမှုပုံစံ၊ စားသောက်မှုပုံစံတွေကို သိပ်ဂရုမစိုက်နိုင်တာမျိုးတွေ ရှိလာပါတယ်။

photo credit Bright Side

အဲ့လို သိပ်ဂရုမစိုက်နိုင်တော့ဘဲ ဖြစ်သလိုစားတာ အချိန်ကြာမြင့်လာတဲ့အခါမှာတော့ ခန္ဓာကိုယ်က လိုအပ်တဲ့ဓာတ်တွေရှိလာပါတယ်။ အခု တစ်ခါပြောပြပေးသွားမှာက သင့်ရဲ့ခန္ဓာကိုယ်က ဗီတာမင်အေဓာတ် လိုအပ်နေပြီဆိုတဲ့ လက္ခဏာအချက်အလက်တွေပဲ ဖြစ်ပါတယ်။ အရေအပြားခြောက်သွေ့တာ၊ ညဘက်ရောက်တဲ့အခါမှာ အမြင်တွေကြည့်မကောင်းတာ (ဝိုးတိုးဝါးတာဖြစ်နေတာမျိုးပေါ့)၊ ဝက်ခြံထွက်တာ၊ ထိခိုက်ရှနာဒဏ်ရာဖြစ်ပါက အနာပြန်ကျတ်နှုန်းနှေးတာ၊ ကိုယ်ခန္ဓာ ကြီးထွား ဖွံ့ဖြိုးမှုနှုန်း နှေးတာ၊ မျက်လုံးတွေ နီရဲခြောက်သွေ့နေတာ အစရှိတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

photo credit Bright Side

အဲ့လို လိုအပ်နေပြီဆိုတဲ့ လက္ခဏာတွေ ခန္ဓာကိုယ်ကပြလာပြီဆိုရင်တော့ စားရမယ့် အစားအစာတွေကို ပြောပြပေးသွားပါ့မယ်နော်။ ဗီတာမင်အေ ဓာတ် ၈ ရာခိုင်နှုန်းပါဝင်တဲ့ ကြက်ဥပြုတ်ကို နေ့စဉ်စားသုံးပေးပါ။ နောက်ပြီး ဗီတာမင်အေ ဓာတ် ၁၄၉ ရာခိုင်နှုန်းပါဝင်တဲ့ Salmon ငါးဟင်း ၁၀၀ ဂရမ်ကို မကြာခဏဆိုသလို စားသုံးပေးရမှာပါ။ ဒါ့အပြင် ဗီတာမင်အေ ဓာတ် ၁၀၅ ရာခိုင်နှုန်းပါဝင်တဲ့ ဟင်းနုနွယ်ရွက်၊ ၁၂၂ ရာခိုင်နှုန်းပါဝင်တဲ့ ကန်စွန်းဥ၊ ၁၄၈ ရာခိုင်နှုန်းပါဝင်တဲ့ မုန်လာဥနီတို့ကို စားသုံးပေးခြင်းဖြင့် အသားအရေ လှပပြီး ကျန်းမာသန်စွမ်းတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 

source Bright Side

photo credit Bright Side 

photo credit Bright Side
photo credit Bright Side

မည်သူ့တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။