ရိုးသားပွင့်လင်းစွာနေထိုင်တတ်သူတစ်ယောက်ဖြစ်ပြီး ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့သူလေးကတော့ မင်းသမီးချောလေးဖြူဖြူထွေးပါ။ သူမဟာ ပျော်စရာtik tokလေးများ ဟာသvideoလေးများကိုလည်း ရိုက်ကူးတင်ဆက်လေ့ရှိပြီး မိဘကိုလည်းသိတတ်လိမ္မာကာ လုပ်ကျွေးပြုစုနေသူတစ်ယောက်ပါနော်။ ဖြူဖြူထွေးဟာ လတ်တလောတွင်ကြော်ငြာများ၊ ပွဲအခမ်းအနားများတက်ရောက်ရိုက်ကူးနေပြီး ရုပ်ရှင်ကားများလည်းရိုက်ကူးနေပြီဖြစ်ပါတယ်။


Photo Credit-Amazing Grace
Photo Credit-Phyu Phyu Htwe's Facebook acc

ဖြူဖြူထွေးဟာမကြာသေးမီက သူမရဲ့facebookစာမျက်နှာတွင် "ပဲခူးတိုင်းဒေသကြီးမှာ ကံထူးရှင်ကိုဆုတွေပေးခဲ့"ဆိုတဲ့ captionလေးနဲ့ ပုံလေးတွေတင်ပေးလာပါတယ်။ သူမဟာ နယ်ဘက်တွေအထိကိုယ်တိုင်သွားရောက်ကာ ကံထူးသူမိဘပြည်သူတွေကို ဆုချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင်ဖြူဖြူထွေးဟာ တမူထူးခြားတဲ့ ဘောင်းဘီအရောင်လေးနဲ့လည်း စတိုင်ကျကျလှနေတာဖြစ်ပါတယ်နော်။


Photo Credit-Phyu Phyu Htwe's Facebook acc
Photo Credit-Phyu Phyu Htwe's Facebook acc

ဖြူဖြူထွေးဟာ မကြာသေးမီကသူမရဲ့21နှစ်ပြည့်မွေးနေ့အလှူကို မွေးရပ်ဇာတိရွာလေးမှာစည်ကားသိုက်မြိုက်စွာကျင်းပခဲ့တာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရောဖြူဖြူထွေးကိုအားပေးကြတယ်မလား။ ဆန်းသစ်တဲ့ဖက်ရှင်ဒီဇိုင်းလေးနဲ့ လှနေတဲ့ဖြူဖြူထွေးရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Phyu Phyu Htwe's Facebook acc
Photo Credit-Phyu Phyu Htwe's Facebook acc

Source-Phyu Phyu Htwe's Facebook acc

Photo Credit-Phyu Phyu Htwe's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။