ဂျပန်နိုင်ငံက ကိုယ်တိုင်စျေးဝယ်ထွက်တဲ့ အိမ်မွေး ပင်ဂွင်းမလေး Lala


Lala က သူ့အစာငါးကို ကျောပိုးအိတ်နဲ့ တစ်ကောင်ထဲ သွားဝယ်တတ်ပါသတဲ့

တကယ်တော့ Lala ဟာ ငါးဖမ်းသမားမိသားစုအိမ်ကို မမျှော်လင့်ပဲ ငါးဖမ်းရင်း ပါလာတာပါ

Lalaလေး အိမ်ကိုရောက်စမှာ ဒဏ်ရာတွေနဲ့မလို့ နလန်ပြန်ထူနိုင်အောင် ဆေးကုပေးခဲ့ရပြီး အဲကွန်းခန်းကိုပါ ပေးထားခဲ့ရပါတယ်

 

တရက်မှာတော့ သူဟာ ငါးဖမ်းသမားမိသားစု စျေးဝယ်ထွက်တာ လိုက်ရင်း စျေးဝယ်တာကို အရသာတွေ့သွားပါတယ်


နောက်နေ့တွေလည်း ထပ်သွားဖို့ ကြိုးစားတာကြောင့် 

စျေးဝယ်ထွက်ချင်တဲ့ Lala လေးကို တစ်ယောက်ထဲသွားတတ်အောင် လေ့ကျင့်ပေးခဲ့တာပါ


အခုဆိုရင် Lala တစ်ယောက် နေ့တိုင်း ကျောပိုးအိတ်လွယ်ပြီး စျေးဝယ်ထွက်တတ်နေပါပြီ?


agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။