ကမ္ဘာပေါ်မှာ တတိယမြောက် အမျိုးသားအင်္ဂါအစားထိုးခဲ့တဲ့ တောင်အာဖရိကက လူမည်းတစ်ဦးဟာ သူ့ရဲ အမျိုးသားအင်္ဂါအသစ်ကို တက်တူးထိုးဖို့ စီစဉ်နေတယ်လို့ စပွန်နစ်သတင်းမှာဖော်ပြထားပါတယ်။ သူ့ကို အမျိုးသားအင်္ဂါ လှူဒါန်းခဲ့သူဟာ လူဖြူတစ်ဦးဖြစ်တာကြောင့် အခုလို တက်တူးထိုးဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အသက်(၄၀)အရွယ် အမျိုးသားဟာ အမျိုးသားအင်္ဂါအရေပြားလှီးဖြတ်ရာကနေ သူ့ရဲ့အမျိုးသားအင်္ဂါကို ဆုံးရှုံးခဲ့တာကြောင့် အမျိုးသားအင်္ဂါအစားထိုးခွဲစိတ်ကုသမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ နောက်(၆)လအတွင်းမှာ နှစ်ပေါင်း(၁၇)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လိင်ဆက်ဆံနိုင်မှာ ဖြစ်သလို ဆီးသွားနိုင်မှာလည်း ဖြစ်ပါတယ်။ 

အမျိုးသားအင်္ဂါ အလှူရှင်ဟာ ရှားပါးတာကြောင့် တစ်ခုတည်းသော လူဖြူရဲ့အမျိုးသားအင်္ဂါနဲ့ အစားထိုးပေးခဲ့တာဖြစ်တယ်လို့ တိုင်ဂါဘာ့ဂျ်ဆေးရုံက ပါမောက္ခက ပြောပါတယ်။ ဒီလို လိင်အင်္ဂါအစားထိုးခွဲစိတ်ပြီးနောက်(၆)လကနေ (၈)လအတွင်း ဆေးဘက်ဆိုင်ရာ တက်တူးထိုးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Source:စပွန်းနစ်သတင်းဌာန

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။