ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ အနုပညာရှင်ရှင်မျိုးဆက်သစ်တွေထဲမှာ အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ရိုးရိုးယဉ်ယဉ်လေး အမြဲလှနေတဲ့ မော်လ်ဒယ် သရုပ်ဆောင်မင်းသမီးချောလေး ပိုးမမှီသာကလည်း ပရိသတ်တွေရဲ့အသည်းကျော်လေးပဲ ဖြစ်ပါတယ်..။

ဆွဲဆောင်မှုရှိတဲ့အလှတွေအပြင် အနေအေးပြီး ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကြောင့်လည်း ယောကျ်ားလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တွေအများဆုံးရရှိထားတဲ့ အပြင် မိန်းကလေးပရိသတ်တွေကပါ တခဲနက်ချစ်ခင်အားပေးကာ သဘောကျနှစ်သက်ရသူလေးဆိုလည်း မမှားပါဘူးနော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ဆရာဝန်မလေးတစ်ယောက်လည်း ဖြစ်သလို အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ ပိုးမမှီသာကတော့ ဇာတ်ကားတွေလည်း ရိုက်ကူးနေပြီး မကြာခင်မှာ ရုံတင်ပြသတော့မယ့် “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပျိုမဒီလေးတွေရဲ့ အသည်းကျော် စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ သရုပ်ဆောင်ရိုက်ကူး ထားပါသေးတယ်နော်..။

ဖေဖော်ဝါ(၂၆)ရက်နေ့က ကျင်းပြုလုပ်ခဲ့တဲ့ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Premiere Gala Night အခမ်းအနားပွဲလေးမှာလည်း မင်းသမီးချောလေး ပိုးမမှီသာကတော့ ရိုးရှင်းအေးချမ်းတဲ့ မြန်မာတဝ်စုံဖက်ရှင်လေးနဲ့ မဟာဆန်ဆန်လေး တက်ရောက်လာခဲ့ပါတယ်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

သူမနဲ့ လိုက်ဖက်ညီလွန်းလှတဲ့ မြန်မာဝတ်စုံဖက်ရှင်လေးကို ရိုးယဉ်စွာ လိုက်ဖက်ညီညီဝတ်ဆင်ကာ လှသွေးကြွယ်နေတဲ့အပြင် ချိုမြိန်ပြီးဆွဲဆောင်မှုရှိလွန်းတဲ့ အပြုံးချိုချိုလေးတွေကလည်း မြင်သူတကာကို အချစ်ပိုစေကာ ဆွဲဆောင်မှုရှိရှိ ကျော့ရှင်းလှနေတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာပါ..။

“ပိတောက်ကတဲ့ဂီတ” ဇာတ်ကားမှာ မြန်မာ့ဂီတကို နှစ်သက်မြတ်နိုးပြီး သိမ်မွေ့နူးညံ့လွန်းတဲ့ ပိုးမဒီ အဖြစ် ပရိသတ်တွေကို အသည်းယားအချစ်ပိုစေတဲ့ မင်းသမီးချောလေး ပိုးမမှီသာရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။