မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန် ကုန်)တွင် တက်ရောက်ခွင့် ရရှိသော ကျောင်းသားငယ်များကို မေလ ၂၅ ရက်နေ့က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အစည်းအဝေးခန်းမ၌ တွေ့ဆုံကြိုဆိုနှုတ်ဆက် ခဲ့သည်။

MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ဘောလုံးအကယ်ဒမီတွင် သင်တန်းသားများအား ဘောလုံး အားကစားသာမက ကျောင်းပညာရေး၊ အဟာရဖွံ့ဖြိုးရေး၊ ကျန်းမာကြံ့ခိုင်မှုများကို ပါဦးစားပေး လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ သည်။ 

"ကျွန်တော်တို့ အခုချိန်ကနေစပြီး ရည်ရွယ်ချက်ကြီးကြီးထားပြီး စနစ်တကျ ကြိုးစားသွားဖို့လိုမယ်။ ဒီထဲက ကစားသမားတွေ အနေနဲ့ လက်ရွေးစင် ကစားသမားအဖြစ် သာမကပဲ ပရော်ဖက်ရှင်နယ်ပီသတဲ့ ကစားသမားတွေအဖြစ် ထွက်ပေါ်လာအောင် MFFရယ် ကစားသမားတွေရယ်၊ ကစားသမားတွေရဲ့ မိသားစုတွေပါပူးပေါင်းကြိုးစားဖို့လိုပါမယ်။ ကစားသမားတွေကို ဘောလုံးပညာသာမက ကျောင်းပညာရေးမှာပါ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ်။ မြန်မာ့ လက်ရွေးစင် ကစားသမားတစ်ယောက် ဖြစ်ရုံလောက်နဲ့တင် မဟုတ်ဘဲ နိုင်ငံခြားလိဂ်တွေ ကလပ်တွေမှာ သွားကစားတဲ့ အဆင့်ထိကို ရည်ရွယ်ချက်ထားပြီး ကြိုးစားစေချင်တယ်"ဟု MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားခဲ့သည်။

၂၅.၅.၂၀၁၇ မှ စတင်ကာ မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်မြို့များရှိ အကယ်ဒမီများတွင် လက်ရွေးစင် သင်တန်းသားများအား ကျောင်းအပ်နှံခွင့်ပြုပြီ ဖြစ်သည်။

Source: MFF

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။