ရိုးရိုးသားသားအလုပ်ကြိုးစားပြီး ပရိတ်သတ်ရင်ထဲ နေရာတစ်နေရာရထားတဲ့သူလေးကတော့သရုပ်ဆောင်မင်းသားချောလေးနေမင်းပါ။ နေမင်းဟာသရုပ်ဆောင်ကောင်းမွန်တဲ့အပြင် မိဘကိုလည်း သိတတ်လိမ္မာတဲ့သားလိမ္မာလေးတစ်ယောက်ဖြစ်ပြီး ဘာသာတရားလည်း ကိုင်းရှိုင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မင်းသားချောလေးနေမင်းဟာ လတ်တလောတွင်ပွဲအခမ်းအနားများတက်ရောက်နေပြီးရုပ်ရှင်ကားကြီးများလည်းရိုက်ကူးနေတာပဲဖြစ်ပါတယ်နော်။


Photo Credit-Nay Min's Facebook's acc
Photo Credit-Nay Min's Facebook's acc

နေမင်းဟာ မကြာသေးမီက သူ့ရဲ့facebookစာမျက်နှာတွင် "မိသားစုဓာတ်ပုံလေးသကဲ့သို့ အမှတ်တရဖြစ်ရှိနေသောပုံလေးများ" ဆိုတဲ့captionလေးနဲ့ ပုံလေးတွေတင်ပေးလာပါတယ်။ သူဟာ နေပြည်တော်ကိုရောက်ရှိနေတာဖြစ်ပြီး တကယ့်မိသားစုလေးသဖွယ်နွေးထွေးလှတဲ့ ချစ်စရာပုံရိပ်လေးတွေကို ချပြခဲ့တာပါနော်။ နေမင်းဟာအမြဲတန်းသဘာဝဆန်ဆန်နဲ့ ဟန်ပန်အမူအရာကင်းမဲ့စွာ နေထိုင်တာကြောင့် ပရိတ်သတ်တွေက အချစ်တွေပိုနေရတာပဲဖြစ်ပါတယ်။

Photo Credit-Nay Min's Facebook's acc
Photo Credit-Nay Min's Facebook's acc

နေမင်းဟာလတ်တလောတွင် ဘာသာရေးဘက် အလှူအတန်းဘက်ကို အာရုံစိုက်ပြီးလုပ်ဆောင်နေတာဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေလည်း အဆက်မပြတ်ရအောင်ကြိုးစားနေတာပါ။ ဗီဒီယိုဇာတ်ကားများ ရုပ်ရှင်ကားများနဲ့ ပရိတ်သတ်ရင်ထဲနေရာတစ်နေရာရထားခဲ့တဲ့ နေမင်းကို ဆက်လက်အားပေးချစ်ခင်ကြမယ်မလား။ နေမင်းရဲ့မိသားစုပုံရိပ်သဖွယ် အမှတ်တရဖြစ်တဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Nay Min's Facebook's acc
Photo Credit-Nay Min's Facebook's acc

Source-Nay Min's Facebook's acc

Photo Credit-Nay Min's Facebook's acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။