ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းမှာ လှုပ်ခတ်ခဲ့သော အင်အားအပြင်ဆုံး ငလျင်များထဲတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ အာသံ တိဘက် ငလျင် အကြောင်းကို ဗဟုသုတရဖွယ် သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ထိုငလျင်အကြောင်း မဖော်ပြသေးခင်မှာ လတ်တလောအနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မှာကြားချင်ပါတယ်နော်။

photo credit pngtree

ပြင်းအား ၈ ဒသမ ၆ရှိတဲ့ ထိုငလျင်ကြီးဟာ တိဘက်ဒေသ၊ ရိမာကို ဗဟိုပြုကာ လှုပ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ဒဏ်ကြောင့်ရွာပေါင်း ၇၀ ခန့်အထိ ပျောက်ကွယ်သွားခဲ့ပါတယ်။ ငလျင်လှုပ်ခါမှုကြောင့် ဒေသအနှံ့မြေပြိုမှုများ ဖြစ်ပွားကာ လူပေါင်း ၁၅၂၆ ဦး အသက်ဆုံးရှုံးခဲ့ရပြီး မြေပြင်အနေအထားများလည်း မမှတ်မိနိုင်လောက်အောက် ပြောင်းလဲသွားခဲ့ပါတယ်။ ငလျင်နှင့်အတူ ပြင်းထန်သော ရေလွှမ်းမိုးမှုများလည်း ရှစ်ရက်ကြာ ဖြစ်ပေါ်ခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် သဘာဝ ရေကာတာကြီးတစ်ခုဖြစ်တဲ့ စူဘန်သီရိက ကျိုးပေါက်ခဲ့သဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာများတွင် ရေပြင်ဟာ ၇ မီတာ အထိ မြင့်တက်ခဲ့ပါတယ်။

photo credit pngtree

ငလျင်ရဲ့ ဗဟိုချက်အနီးတွင် လေထုအမြင့်ပေါ်မှ ကျလာတယ်လို့ ထင်မှတ်ရတဲ့ ပေါက်ကွဲသံများကိုကြားရကြောင်း ကိုယ်တွေ့ ကြုံခဲ့ရသူများက ပြန်ပြောခဲ့ကြတာပါ။ ငလျင် လှုပ်ခတ်လိုက်ချိန်တွင် တိဘက်ဒေသမှ အလွန်ဝေးကွာသော အင်္ဂလန် နှင့် နော်ဝေနိုင်ငံများရှိ ရေမျက်နှာပြင်များပါ ပြင်းထန်စွာ လှုပ်ရမ်းခဲ့တာကို ငလျင်ပညာရှင်များက သတိပြုမိခဲ့ကြတာ ဖြစ်ပါတယ်။ လူသားများအတွက် အန္တရာယ်ကြီးမားတဲ့ သဘာ၀ ဘေးဒုက္ခများတွင် ငလျင်ဟာ ထိပ်ဆုံးနေရာတွင်ရှိနေတာကြောင့် ငလျင်အန္တရာယ်နဲ့ ပတ်သက်ပြီး ပညာပေးဆိုင်ရာ လုပ်ဆောင်ချက်များကို ကြိုတင်လေ့လာသိရှိထားဖို့ လိုအပ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။