ပရိတ်သတ်ကြီးရေ သဘာ၀ကျတဲ့သရုပ်ဆောင်ချက်တွေနဲ့ အကောင်းဆုံးကြိုးစားတတ်တဲ့ မင်းသားချောလေးမြင့်မြတ်ကို သိကြတယ်မလား။ သူဟာ အနုပညာလောကမှာ ဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ကားများနဲ့ ပရိတ်သတ်အားပေးမှု အပြည့်အ၀ရရှိထားပြီးတော့ အမှောင်တွေရွာချတဲ့မိုးတိမ် ဆိုတဲ့ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင်မြင့်မြတ်ဟာ ပျော်ရွှင်ချမ်းမြေ့ဖွယ်မိသားစုဘ၀လေးကို တည်ထောင်ထားတာဖြစ်ပြီး ချစ်ရတဲ့သားငယ်လေး မြတ်သူကိုလည်းပိုင်ဆိုင်နေပြီဖြစ်ပါတယ်။


Photo Credit-Myat Wai Tun's Facebook acc
Photo Credit-Myat Wai Tun's Facebook acc

မြင့်မြတ်ဟာယခုဆိုရင် သားငယ်လေးမြတ်သူအပြင် နောက်ထပ်ရင်သွေးလေးတစ်ယောက်ပါ ရရှိတော့မှာဖြစ်ပါတယ်။ မြတ်သူလေးနဲ့အတူကစားဖို့ နောက်ထပ်ဂျူနီယာမြင့်မြတ်လေးတစ်ယောက် ရောက်လာတော့မှာပဲဖြစ်ပါတယ်နော်။ သားသားလေးဖြစ်မလား မီးမီးလေးဖြစ်မလားဆိုတာကို ရင်ခုန်နေပါပြီ ကိုမြင့်မြတ်ရေ။


Photo Credit-Myat Wai Tun's Facebook acc
Photo Credit-Myat Wai Tun's Facebook acc

မြင့်မြတ်ပါ၀င်သရုပ်ဆောင်ထားတဲ့ ပလေယာဆိုတဲ့ရုပ်ရှင်ကားကြီးဟာလည်း ပရိတ်သတ်အားပေးမှုအပြည့်အ၀ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော ကိုမြင့်မြတ်ကို ချစ်ခင်အားပေးကြမယ်မလား။ ဒုတိယမြောက်ရင်သွေးလေးရရှိတော့မယ့် မြင့်မြတ်တို့မိသားစုပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Myat Wai Tun's Facebook acc
Photo Credit-Myat Wai Tun's Facebook acc

Source-San Win Oo's Facebook acc

Photo Credit-Myat Wai Tun's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။