ကိုယ့်ကိုကိုယ် ပိန်ပိန်ဝဝ ဖွေးဖွေးကတော့ လှတယ်လို့ဘဲ ထင်ပါတယ်တဲ့

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ မင်းသမီးဘဲနော် <3 ပရိသတ်တွေကော ဘယ်လိုထင်လည်း

ဖွေးဖွေးကကော ဘယ်လိုပုံစံကြိုက်လည်း ဖတ်ကြည့်လိုက်ပါဦးနော်

ဖွေးဖွေးက ရွှေကြာ ရုပ်ရှင်ဇာတ်ကားအတွက် ဝိတ် ၁၄ ပေါင်တောင် ချခဲ့ရပါတယ်။ ဇာတ်ရုပ်က ညဘက်အလုပ်လုပ်ရတဲ့ နေ့မနား ညမနား အလုပ်လုပ်ရတဲ့ ကောင်မလေး ဖြစ်တဲ့အတွက် ဇာတ်ရုပ်နဲ့လိုက်အောင် ဝိတ်ချလိုက်ရတာလို့ သိရပါတယ်။ ဒါပင်မဲ့လည်း ဇာတ်လမ်းပြီးတာနဲ့ အရင်ခန္ဓာကိုယ်အတိုင်းဘဲ ပြန်ရအောင်လုပ်မယ်လို့ ဖွေးဖွေးက ပြောပါတယ်။ ကြံ့ကြံ့ခိုင်ခိုင်ပုံဘဲ ကြိုက်ပါတယ်တဲ့။ ဝတာကိုမကြိုက်တဲ့သူရှိသလို ပိန်တာကိုလည်း မကြိုက်တဲ့ လူရှိပင်မဲ့ ဖွေးဖွေးကတော့ သူ့ကိုယ်သူ အမြဲ ယုံကြည်ချက်ရှိလို့ ဝဝပိန်ပိန် လှတယ်လို့ဘဲထင်ပါတယ်တဲ့။

ဒါရိုက်တာ ဝို်င်း ရိုက်ကူးတဲ့ "ရွှေကြာ" ရုပ်ရှင်ဇာတ်ကားမှာ အလင်းရောင်၊ ဖွေးဖွေး၊ သင်ဇာဝင့်ကျော်တို့ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဖွေးဖွေးဟာ တစ်နှစ်ကို ရုပ်ရှင် ငါးကား၊ ခြောက်ကားခန့် ရိုက်ဖြစ်နေတယ်လို့ သိရပြီး ဗီဒီယိုကိုတော့ ဇာတ်လမ်းမကြိုက်တာတွေ၊ ဇာတ်တွေ ထပ်နေတာကြောင့် မရိုက်ဖြစ်တာ များနေပေမဲ့ ရိုက်ဖြစ်ပါတယ်လို့ 7Day News ရဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ပြီးတော့လည်း အသစ်ထွက်မဲ့ ဇာတ်ကားအကြောင်းကိုလည်း ဖွေးကိုချစ်သော ဖွေးချစ်ပရိသတ်များသို့

CO2 ရိုက်ပြီးသကာ လ နောက်ရိုက် ရမယ့်ကား ကလည်း ဖွေး အတွက်ထူးခြားပါတယ်

ခု MAY လကုန်အထိနားပြီးစားချင်ရာစား ပျော်သလိုနေပြီးတာ နဲ့

နောက် JUNE တစ်လလုံး မှာ နောက်ဇာတ်ကောင် character ဝင်အောင်

ဝိတ်ချ ဇာတ်ဖတ်ရင်း တစ်လလုံး ပြင်ဆင်ရပါမယ်

အသေးစိတ်ကို တရက် live လွှင့်ပြီးပြောပြ ပါမယ်

တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ

အချစ် ဇာတ်လမ်း မဟုတ်ပါဘူး ♡

JULY မှာ စရိုက်ကူးရပါမယ်

တစ်ခါမှမတွဲဘူး မလုပ်ဖူးတဲ့ အတွဲ နဲ့ ဇာတ်ပါ

“သမ္မတကြီးထံပေးစာ"လည်းမဟုတ်သေးပါဘူးလို့ ပရိသတ်တွေကို ပြောပြထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။