တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်အောင်ကိုပဲ ချစ်ခင်ဂရုစိုက်ကြတဲ့ စုံတွဲလေးကတော့ ရွှေထူးနဲ့ ရွှေမှုံတို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အနုပညာအလုပ်တွေကို အတူတူကြိုးစားလုပ်ကိုင်နေကြပြီး တစ်ေယောက်နဲ့တစ်ယောက်လည်း ဖေးဖေးမမကူညီလုပ်ကိုင်ပေးနေကြတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူတို့နှစ်ယောက်လုံးဟာ အောင်မြင်တဲ့ အနုပညာရှင်တွေအဖြစ် ရပ်တည်နေကြတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Htoo Khant's Facebook Myday
Photo Credit - Htoo Khant's Facebook Myday
Photo Credit - Htoo Khant's Facebook Myday

သူတို့နှစ်ယောက်စလုံးရဲ့ တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေဟာ မြင်ရသူတိုင်းကို ကြည်နူးအားကျစေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ကမ်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ကမ်းခြေတစ်ခုမှာ နှစ်ယောက်အတူ သွားရောက်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေမှုံတစ်ယောက် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား လက်ခံရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Htoo Khant's Facebook Myday
Photo Credit - Htoo Khant's Facebook Myday
Photo Credit - Htoo Khant's Facebook Myday

အခုမှာလည်း ရွှေထူးရဲ့ Facebook Myday မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ချစ်ဇနီးလေးသရုပ်ဆောင်နေပုံလေးကို သဘောကျလွန်းလို့ Video လေးခိုးရိုက်ထားတဲ့ ရွှေထူးရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ရွှေထူးကတော့ " မင်းသမီးကိုကြောင်ချင်လို့ Shooting လိုက် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit - Htoo Khant's Facebook Myday  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။