ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်ရှိ စွမ်းအားအမြင့်ဆုံး တင့်ကား ၁၀စီးထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "T 90" တင့်ကားအကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံတွင် အများဆုံး ထုတ်လုပ်ခဲ့တဲ့ တစ်မျိုးတည်းသော တင့်ကား အမျိုးအစားဖြစ်တဲ့ T 90 ဟာ အနောက်နိုင်ငံများမှ ထုတ်လုပ်တဲ့ တင့်ကားများနှင့် နှိုင်းယှဉ်ရင် အလွန်ခေတ်မိတယ်လို့ မဆိုနိုင်သော်လည်း ၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး တင့်ကားအမျိုးအစား (၁၀) ခုစာရင်းတွင် ပါဝင်ခဲ့ပါတယ်။

photo credit pngtree

T 90 နည်းပညာဟာ ထုတ်လုပ်မှု ကုန်ကျစရိတ်အပေါ် များစွာ အကျိုးသက်ရောက်မှုရှိကြောင်း သက်သေပြခဲ့ကာ ကမ္ဘာ့တင့်ကား ရောင်းဝယ်ရေး ဈေးကွက်တွင် အအောင်မြင်ဆုံး တင့်ကားများအနက် တစ်စီးအပါအဝင် ဖြစ်ခဲ့ပါတယ်။ ထို့အတူ T 90 ဟာ ဈေးအသက်သာဆုံးခေတ်မီ တင့်ကား စာရင်းတွင်လည်း ပါဝင်ခဲ့ပါတယ်။ T 90 ဟာ အရွယ်အစားသေးငယ်တာကြောင့် ဗုံးဖြင့် ပစ်ရန်မလွယ်ကူသလို ပစ်ခတ်မှုကို လုံလောက်စွာ ထိန်းချုပ်ထားနိုင်တာပါ။

photo credit pngtree

စွမ်းအားမြင့် စက်တပ်ဆင်ထားတဲ့ T 90 ရဲ့အားနည်းချက်ဟာ တင့်ကားကိုယ်ထည် အကန့်တွင် ခဲယမ်းမီးကျောက်များ သိုလှောင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ တင့်ကားကိုယ်ထည်က ခဲယမ်းများကို ထိုးဖောက်မိတာနဲ့ တင့်ကားအတွင်း လိုက်ပါလာသူများ သေဆုံးကြရသလို တင့်ကားလည်းပျက်စီးရတာ ဖြစ်ပါတယ်။ အပူလှိုင်းသုံးအဆင့်မြင့် မြင်ကွင်းရှာ စနစ်မပါရှိခြင်းနှင့် တာဝေးပစ်မှတ်ကို တိကျစွာမပစ်ခတ်နိုင်ခြင်းတို့ဟာ T 90ရဲ့ အခြားအားနည်းချက်များ ဖြစ်ကြပါတယ်။ သို့သော် T 90 ဟာ တင့်ကားခွင်း ဒုံးကျည်များ ပစ်လွှတ်ရာတွင် ပြသနာတစ်စုံတစ်ရာမှ မရှိပါဘူး။ လက်ရှိအချိန်မှာတော့ ရုရှားနိုင်ငံထုတ် T 90 တင့်ကားများကို အယ်လ်ဂျီးယီးယား၊ အဇာဘိုင်ဂျန်၊ တာ့စ်မင်းနစ္စတန်၊ ရုရှနှင့် ဗင်နီဇွဲလားနိုင်ငံတို့မှာ အသုံးပြုလျက်ရှိပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။