ဒီတစ်ခါမှာတော့ ခန္ဓာကိုယ်သွယ်လျပြီးလှပဖို့အတွက် နည်းလမ်းကောင်းလေးကို ပြောပြပေးသွားမှာပါ။ အဲ့ဒီနည်းလမ်းလေးကတော့ ဝိတ်တွေတက်ပြီး ခန္ဓာကိုယ်မရှုမလှဖြစ်နေတဲ့အခါမှာ ကော်ဖီကိုနေ့စဉ်သောက်ပြီး ဝိတ်ချတဲ့နည်းလမ်းလေးပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ရုံးတက်အလုပ်လုပ်နေရတဲ့ လူငယ်တွေက ကွန်ပျူတာရှေ့မှာပဲ အထိုင်များတာကြောင့် လှုပ်ရှားမှုနည်းကာ ပုံပျက်ပန်းပျက် ခန္ဓာကိုယ်တွေကို တဖြည်းဖြည်းပိုင်ဆိုင်လာကြရတာပါ။

photo credit pngtree

တစ်ချို့ကျတော့လည်း ရုံးဆင်းချိန်တွေ ဒါမှမဟုတ်၊ မိမိအားလပ်ရက်တွေမှာ gym ဆော့တာမျိုးပြုလုပ်ပြီး ခန္ဓာကိုယ် အချိုးအစားကို ပြန်လည် ထိန်းသိမ်းကြပါတယ်။ အဲ့လိုမျိုး gym သွားဖို့ကို အချိန်မရတဲ့သူတွေ၊ အချိန်မပေးနိုင်တဲ့သူတွေအတွက်ကတော့ "Caffeing" ဓာတ်ပါဝင်တဲ့ ကော်ဖီကို တစ်နေ့တစ်ခွက်လောက် ပုံမှန်လေးသောက်ပေးရမှာပါ။ ကော်ဖီမကြိုက်တဲ့သူတွေတောင် ပထမတစ်ခါလောက်အစလုပ်သောက်ပြီးတာနဲ့ သူ့မှာ လူကိုစွဲလမ်းစေတဲ့ ကဖိန်းဓာတ်ပါဝင်တာကြောင့် နောက်ပိုင်းမှာ နှစ်သက်သွားစေမှာ ဖြစ်ပါတယ်။

photo credit pngtree

အဲ့လိုမျိုး ကျန်းမာရေးအကျိုးပြုမှုများ ပါရှိတဲ့ ကော်ဖီကိုပင် "တန်ဆေးလွန်ဘေး"ဆိုတဲ့စကားအတိုင်း အလွန်အကျွံ (တစ်နေ့ ၃၊၄ခွက်) သောက်သုံးပါက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အဲ့ဒါတွေကတော့ သွေးတိုးခြင်း၊ ရင်တုန်ခြင်း၊ ကတုန်ကရင်ဖြစ်ခြင်း၊ စိတ်မငြိမ်မသက်ဖြစ်ခြင်း အစရှိတာတွေပဲ ဖြစ်ပါတယ်။ ကော်ဖီစစ်ရင်စစ်သလို အခါးထက်ပိုတာကြောင့် ကော်ဖီခါးခါးလေးကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ပြသနာမဟုတ်ပေမယ့် အခါးမကြိုက်သူတွေ၊ ရင်တုန်ပန်းတုန်ဖြစ်လွယ်သူတွေအတွက်တော့ နွားနို့ဖြစ်ဖြစ်၊ နို့မှုန်ဖြစ်ဖြစ် ရောပြီး သောက်သုံးနိုင်ပါတယ်။ ဆိုင်တစ်ဆိုင်မှာ အထာကျကျ ကော်ဖီသောက်ရင်း ချစ်သူလေးနဲ့အတူ chill တာကလည်း သင့်ဝိတ်ကျဖို့အတွက် အထောက်အကူပြုပြီးသား ဖြစ်မှာပါ။

photo credit pngtree

photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

မည်သည့်တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။