ပရိသတ်ကြီးရေ မင်းသမီးချောလေး နန်းဆုရတီစိုး ကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး ဂီတနယ်ပယ်မှာလည်း အောင်မြင်မှုတွေရရှိခဲ့တဲ့ မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ တိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ နန်ဆုရတီစိုးလေးဟာ သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေးတွေနဲ့ ဖြူဖွေးနုဖက်လွန်းတဲ့ အသားရည်လေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမက လတ်တလောမှာ အနုပညာအလုပ်တွေကို အရင်ကထက် ပိုမိုလုပ်ကိုင်လာနေပြီလည်းဖြစ်ပါတယ်။
ယခုမှာဆိုရင်လည်း နန်းဆုရတီစိုးလေးကတော့ အရုပ်မလေးတစ်ရုပ်လို ထင်မှတ်ရလောက်အောင် အမိုက်စားဖက်ရှင်ဝတ်စုံလေးကို ဝတ်ဆင်ပြီး ဆွဲဆောင်မှုရှိရှိ ညို့အားပြင်းပြင်းနဲ့ ဓာတ်ဖမ်းထားတဲ့ပုံရိပ်လေးတွေကို တင်ပေးလားခဲ့ပါတယ်။ ဒီပုံရိပ်လေးတွေထဲမှာတော့ နန်းဆုရတီစိုးက လွတ်လပ်ပေါ့ပါးတဲ့ဖက်ရှင်ဝတ်စုံလေးနဲ့ လိုက်ဖက်လှပြီး ကြည်လင်ဝင်းပနေတဲ့ အသားရည်လေးတွေကလည်း တစ်မျိုးလေး လှသွေးကြွယ်နေပြီး ပင်ကိုယ်အလှတရားတွေနဲ့ ပရိသတ်တွေကို ညို့ယူဖမ်းစားလိုက်ပြန်ပြီလည်းဖြစ်ပါတယ်နော်..။
အပြစ်ကင်းစင်တဲ့ ကလေးလေးတစ်ယောက်လို့ လွတ်လပ်ပေါ့ပါးနေတဲ့ နန်းဆုရတီစိုးလေးရဲ့ ပုံရိပ်လေးတွေကလည်း ချစ်စရာကောင်းလောက်ပါတယ်။ ပရိသတ်တွေအတွက်လည်း နန်းဆုရတီစိုးက ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ မင်းသမီးချောလေး နန်းဆုရတီစိုး ရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်….။
Source & Photo Credit - Nansu Yati Soe Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။