ပရိသတ်ကြီးရေ.. နန်းဆုလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အဆိုတော် သရုပ်ဆောင်မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ အနုပညာပိုင်းမှာ အောင်မြင်သလို ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့လည်း ပရိသတ်တွေကို ဖမ်းစားနိုင်သူလေးပဲ ဖြစ်ပါတယ်..။

ဘိုမရုပ်လေးလို ချစ်စရာကောင်းတဲ့ မျက်နှာချိုချိုလေးနဲ့ ဆွဲအားပြင်းပြီး အချိုးအစားကျတဲ့ ခန္ဓာကောက်ကြောင်းအလှတွေကြောင့် ပုရိသပရိသတ်တွေကြား အမြဲရေပန်းစားသလို မိန်းကလေးပရိသတ်တွေကပါ တခဲနက် အားပေးချစ်ခင်ရတဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းအနုပညာရှင်တစ်ဦးဆိုလည်း မမှားပါဘူး..။


Photo Credit - Alinn Yaung Photography
Photo Credit - RBV

နန်းဆုလေးကတော့ ချစ်သူနဲ့ လမ်းခွဲပြီးနောက်ပိုင်း အချစ်ရေးနဲ့ပတ်သက်ပြီး ကောလဟာဟအမျိုးမျိုး ထွက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်း ပရိသတ်တွေကြား အတော်လေးကို လူပြောများကာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ သူများရည်းစားကို စနိုက်ကျော်တယ်ဆိုတဲ့ သတင်းတွေကို ပြန်လည်ဖြေရှင်း ပြောပြလာပါတယ်နော်..။

အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ စနိုက်ကျော်သတင်းတွေက အမှန်မဟုတ်တဲ့အကြောင်းလေးတွေနဲ့ အဲ့ဒီသတင်းအမှားတွေကလည်း တကယ်မဟုတ်တဲ့အတွက် သူမရဲ့အလုပ်တွေကိုလည်း မထိခိုက်သလို ဆိုင်လည်း မဆိုင်တာမို့ အချိန်က စကားပြောသွားပါလိမ့်မယ်ဆိုပြီးတော့ နန်းဆုလေးက ပြောပြထားတာပါ..။


Photo Credit - Alinn Yaung Photography
Photo Credit - Nansu Yati Soe's FB Page

အခုလို ကောလဟာလသတင်းတွေကတော့ ပြောကြ ဆိုကြ ရေးကြတယ်ဆိုတာ သူ့ဟာနဲ့သူရှိပြီး ဒါတွေက အမှန် မဟုတ်ဘူးဆိုတာ အချိန်က စကားပြောသွားပါလိမ့်မယ်ဆိုပြီး ရှင်းလင်း ပြောပြထားသလို ရက်ထပ်နှစ်ဖြစ်တဲ့ လာမယ့်ဖေဖော်ဝါရီ(၂၉)ရက်နေ့မှာ သူမရဲ့သီချင်းအသစ်လေးဖြစ်တဲ့ “မြန်မာပြည်ကြီးထဲမှာ” ဆိုတဲ့ သီချင်းလေးလည်း ထွက်ရှိမယ့်အကြောင်းလေးကို ပြောပြထားပါသေးတယ်..။

“မြန်မာပြည်ကြီးထဲမှာ” ဆိုတဲ့ သီချင်းအသစ်လေးကိုတော့ အခက်အခဲတွေနဲ့ ချင်းတောင်တန်းမှာ သွားရိုက်ခဲ့တာဖြစ်ပြီး ပျော်စရာ ခရီးစဉ်လေးတစ်ခု ဖြစ်ခဲ့တဲ့အကြောင်းလေးတွေနဲ့ အမှတ်တရလေးတွေကိုလည်း ပြောပြထားတဲ့ နန်းဆုလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Nansu Yati Soe's FB Page
Photo Credit - Alinn Yaung Photography

Photo Credit - Nansu Yati Soe's FB Page &  Alinn Yaung Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။