ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ပျော်ရွှင်ဖွယ်နားခိုစရာလို့ ခေါ်စမှတ်ပြုရလောက်အောင် အကျဉ်းသားများ သက်တောင့်သက်သာရှိစေတဲ့ ကမ္ဘာတစ်ဝှမ်းရှိ ထောင်များအကြောင်းနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ထဲကမှ "Halden" ဟေလ်ဒင်ထောင်ကို ရွေးချယ် ဖော်ပြပေးသွားမှာပါ။ လတ်တလော အနုပညာလှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတသတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။

photo credit pngtree

နော်ဝေးနိုင်ငံမှာရှိတဲ့ ဟေလ်ဒင်ထောင်ကို ငြိမ်းအေးပြီး အကျဉ်းသားများအား သက်တောင့်သက်သာရှိစေသော ထောင် တစ်ခုအဖြစ် မကြာခဏဆိုသလို ဖော်ပြလေ့ရှိတာ ဖြစ်ပါတယ်။ ဟေလ်ဒင် ထောင်ဝန်ထမ်းများဟာ ထောင်ကျလာတဲ့ အကျဉ်းသားများကို ကောင်း မွန်သော အစားအစာများ ကျွေးမွေးလေ့ရှိကာ ပူနွေးသော ကော်ဖီများကိုလည်း တိုက်ကျွေးလေ့ရှိပါတယ်။ တစ်ကယ့်ကို အကြင်နာတရား ပြည့်ဝတဲ့ ထောင်ဝန်ထမ်းတွေလို့ ပြောရမှာပါ။

photo credit pngtree

ထောင်ကျသူများနေရတဲ့ အခန်းများတွင် ရုပ်မြင်သံကြား၊ ရေခဲသေတ္တာငယ်၊ ကိုယ်ပိုင်ရေချိုးခန်းများ ထည့်သွင်းပေးထားပြီး အနီးရှိ သစ်တောအုပ်ရဲ့ ရှုခင်းများကို ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ ဟေလ်ဒင်ထောင်ဟာ နော်ဝေးနိုင်ငံမှ အဆိုးဆုံး ရာဇဝတ်သား အချို့ရဲ့ အိမ်သဖွယ်ဖြစ်နေပြီး ထောင်လုံခြုံရေး ဝန်ထမ်းဦးရေဟာ ကမ္ဘာ့ထောင်များအနက် အနည်းဆုံးဖြစ်ပါတယ်။ "လူသားဆန်လွန်းတဲ့ ဟေလ်ဒင်ထောင်တွင် နားခိုနိုင်ရန် လက်နက်ကိုင်ဆောင်၍ လုယက်မှုတစ်ခုကို ကျူးလွန်လိုက်ပါ"ဆိုတဲ့ စကားကို ပြောဆိုလေ့ရှိကြပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။