MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၈ နေ့ ညနေ ၃း၃၀ အချိန် မန္တလာသီရီကွင်းကြီးထဲတွင် ISPE အသင်း နှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ယင်းပွဲစဉ်မှာလည်း နှစ်ဖက်အသင်းလုံးက အနိုင်ဂိုးတွေရရှိရေးအတွက် အကောင်းဆုံးကြိုးစားခဲ့ပေမဲ့လည်း ISPE အသင်းနှင့် ဇွဲကပင်ယူနိုက်တက် အသင်းတို့ တစ်ဘက် တစ်ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ဆိုပါပွဲစဉ်တွင် နှစ်သင်းလုံး တိုက်စစ်ဖွင့်ကာ အပြိုင်အဆိုင် ကစားခဲ့ကြပြီး နှစ်သင်းစလုံး၏ သွင်းဂိုးများကို ပွဲချိန် အစောပိုင်း မိနစ်များတွင် သွင်းယူနိုင် ခဲ့ပါတယ်။ဇွဲကပင်ယူနိုက်တက် အသင်းတွက် အဖွင့်ဂိုးကိုပထမပိုင်း ၅ မိနစ်တွင် အီမာဆန်က သွင်းယူပေးခဲ့ပြီး ချက်ခြင်း ဆိုသလိုပင် ပွဲချိန် ၈ မိနစ်တွင် ISPE အသင်း အတွက် ချေပဂိုးကို အောင်ဇေယျာဖြိုးက သွင်းယူပေးခဲ့ ခြင်းဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ပွဲချိန်ပြီးဆုံးချိန်မှာတော့ SIPE အသင်း နှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့ က တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ယင်းပွဲစဉ်မှာလည်း အပြန်အလှန်တိုက်စစ်ဆင်ကစားကာဂိုးကန်သွင်းမှုအခွင့်အရေး ရရှိခဲ့ပေမယ့် ဂိုးအဖြစ် အသုံးချနိုင်ခြင်းမရှိခဲ့ပါဘူး ။ ဒီနှစ်သင်း ရဲ့အကြိတ်အနယ် ယှဉ်ကစားခဲ့ပုံများကလည်း ပရိသတ်တွေ အတွက် ပွဲကောင်းတစ်ပွဲဖြစ်လာခဲ့ပါတယ်နော်...။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။