ပရိသတ်ကြီးရေ MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ကိုကျင်းပလာတာဟာ ယခုဆိုရင် ပွဲစဉ် (၈) ကိုရောက်ရှိလို့လာပြီလည်းဖြစ်ပါတယ်။ ယင်းပွဲစဉ် (၈)တွင်ပွဲစဉ်တစ်ပွဲအဖြစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ယနေ့ညနေမှာ စစ်ကိုင်းယူနိုက်တက်အသင်း နှင့် မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ အားပြိုင်မယ့် ပွဲစဉ်ကလည်း ပရိသတ်တွေ အတွက်ကြည့်လို့ကောင်းတဲ့ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။

Photo Credit - Myanmar National League Facebook page

စစ်ကိုင်းအသင်းက လက်ရှိမှာ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းနေရာ ရောက်ရှိနေတာ မဟုတ်ပေမယ့် ပြိုင်ဘက်တိုင်းကတော့ လေးစားသမူ့နဲ့ ခရီးဦးကြိုပြုနေရတဲ့ အသင်းဆိုတာတော့ သိပြီးဖြစ်လောက်မှာပါ။ တစ်ဖက်မှာလည်း ဧည့်သည် မကွေးအသင်းဆိုတာ မြန်မာနေရှင်နယ်လိဂ်ရပ်ဝန်းမှာ လျော့တွက်ရင်တော့ အလျော့တွက်ပါ ပေးဆပ်ရမယ့်ကိန်းဆိုက်အောင် အိမ်ကွင်း၊ အဝေးကွင်းမရွေး ဖန်တီးနိုင်စွမ်းရှိတဲ့အသင်းလို့ ဆိုရပါမယ်။

Photo Credit - Myanmar National League Facebook page

ရှမ်းယူနိုက်တက်နှင့် ပွဲစဉ်ပြီးကတည်းက အိမ်ကွင်းပွဲစဉ်တွေ အားပေးဖို့ စောင့်မျှော်နေရတဲ့ ပရိသတ်ထုကြီးရေ ပွဲကောင်းတစ်ပွဲကို လာရောက်အားပေးသွားဖို့ အဆင်သင့်ပဲလားခင်ဗျ...ဒါဆိုရင်တော့ မုံရွာကွင်းထဲကိုသာ အရောက်လှမ်းခဲ့ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယနေ့ညနေမှာယှဉ်ပြိုင်ကစားမယ့် မကွေးအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်း တို့ရဲ့ ပွဲစဉ်ကိုဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။