အစာတစ်လိုင်းပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ထူးထူးဆန်းဆန်း ဟင်းလျာလေးလို့ ပြောရမယ့် ကြက်သားဒိန်ချဉ်ဒံပေါက် ချက်ပြုတ်ပုံ၊ ချက်ပြုတ်နည်းလေးကို ဗီဒီယိုဖိုင်လေးနဲ့အတူ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ MLTV ရဲ့ ပင်တိုင်စားဖိုမှူးလေးဖြစ်တဲ့ "Master Chef Myanmar Season 1"ရဲ့ top 3 ပြိုင်ပွဲဝင် မနီလာအောင်ဝင်းက ချက်ပြုတ်ပြသပေးသွားမှာ ဖြစ်ပါတယ်။

Photo by MLTV

အဓိကပါဝင်ပစ္စည်းလေးတွေကတော့ ကြက်သား၊ ကြက်သွန်ကြော်၊ ဒိန်ချဉ်၊ သီဟိုစေ့၊ စပျစ်သီးခြောက်၊ ကြက်သွန်နီ၊ ဟင်းမွှေးမဆလာ အစရှိတာတွေပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး ပွက်ပွက်ဆူနေတဲ့ ဒယ်အိုးထဲကို သစ်ဂျပိုးခေါက်၊ ကရဝေးရွက်၊ နာနတ်ပွင့်၊ ဇီယာစေ့၊ ဖာလာစေ့၊ ရေစိမ်ထားသောဆန်တို့ကို ထည့်ပြီး အချိန်အနည်းငယ်ကြာ ပြုတ်ရမှာ ဖြစ်ပါတယ်။

Photo by MLTV

နောက်တစ်ဆင့်အနေနဲ့ ကြက်သားပေါ်ကို ဒိန်ချဉ်(၂) ဇွန်း၊ ဟင်းမွှေးမဆလာ၊ ကြက်သွန်ကြော်၊ ဆား အနည်းငယ်၊ ကြက်သားမှုန့်အနည်းငယ်၊ ဆီ(၂)ဇွန်း တို့ထည့်ပြီး နယ်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး ကြက်သွန်ဆီသတ်ထားတဲ့ အိုးထဲကို နယ်ထားသော ကြက်သားကို ထည့်ပြီး ချက်ရမှာပါ။ ထို့နောက် အဲ့ကြက်သားချက်ထားတဲ့ အိုးထဲကို ပြုတ်ထားသော ဆန်များကို ထည့်ပါ။ ဒါတွင်မကသေးပါဘူး သီဟိုစေ့နှင့် စပျစ်ခြောက်၊ ကြက်သွန်ကြော်၊ ဒံပေါက်အရောင်တို့ကို ထည့်ပြီး အချိန်အနည်းငယ်ကြာ ချက်ပြုတ်ပြီးတဲ့အခါမှာတော့ အနံ့၊အရသာ ပြည့်စုံတဲ့ ကြက်သားဒိန်ချဉ်ဒံပေါက် ဟင်းလျာကို သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

Photo by MLTV

Photo by MLTV
Photo by MLTV
Photo by MLTV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။