မင်းသမီးချောလေး ယွန်းယွန်းကတော့ ငယ်ငယ်လေးကတည်းက ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကကို ဝင်ရောက်လာခဲ့သူလေး ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်အဖြစ် ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးရင်း အောင်မြင်လာခဲ့တဲ့ ယွန်းယွန်းက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာပြီဖြစ်တဲ့ ယွန်းယွန်းက မင်းသမီးလေးအဖြစ် ဇာတ်ကားတွေတောင် ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။

Photo Credit- Yoon Yoon's FB Acc
Photo Credit- Yoon Yoon's FB Acc
Photo Credit- Yoon Yoon's FB Acc

လက်ရှိမှာတော့ ယွန်းယွန်းက ရန်ကုန်တက္ကသိုလ်မှာ ပညာဆက်လက်သင်ကြားရင်း အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ယွန်းယွန်းက ကြော်ငြာလေးတွေ အများဆုံးရိုက်ကူးနေတာဖြစ်ပြီး ပွဲအခမ်းအနားတွေလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ အခုလည်း ယွန်းယွန်းက '' Gym မှာ အဲ့လိုလေး လိုက်ရှုပ်..အဲ..လိုက်စောင့်ပေးမယ့် ကောင်မလေးလုပ်မယ် '' ဆိုပြီး ချစ်စရာပုံရိပ်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။

Photo Credit- Yoon Yoon's FB Acc
Photo Credit- Yoon Yoon's FB Acc
Photo Credit- Yoon Yoon's FB Acc

ချစ်စရာကောင်းတဲ့ဖက်ရှင်လေးနဲ့ လှသွေးကြွယ်နေတဲ့ ယွန်းယွန်းက GYM မှာဓာတ်ဖမ်းထားတဲ့ပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။ ပါးချိုင့်လေးနှစ်ဖက်နဲ့ ကြွေချင်စရာကောင်းတဲ့ ယွန်းယွန်းကတော့ တစ်နေ့တစ်ခြားပိုပိုပြီး လှလာတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ယွန်းယွန်းရဲ့ အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Yoon Yoon's FB Acc

Photo Credit- Yoon Yoon's FB Acc
Photo Credit- Yoon Yoon's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။