ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေရင်း ပရိသတ်တွေရဲ့အချစ်တွေကိုလည်း ရရှိနေတဲ့သူတစ်ဦးဖြစ်ပါတယ်။သုသုရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကလည်း အပြစ်ပြောစရာမရှိလောက်အောင် ပီပြင်ပိုင်နိုင်တာကြောင့် ပရိသတ်တွေကအရမ်းကြိုက်နှစ်သက်နေကြတာဖြစ်ပါတယ်နော်။လတ်တလောမှာဆိုရင်လည်း သုသုက ဇာတ်ကားတွေရိုက်ကူးနေပြီး ပွဲတွေတက်ရောက်နေတာဖြစ်ပါတယ်။

Photo Credit:Paing Phyo Thu's Facebook Account
Photo Credit:Paing Phyo Thu's Facebook Account

သုသုရဲ့ချစ်ခင်ပွန်း ဒါရိုက်တာဏကြီးကလည်း အနုပညာသမားတစ်ယောက်ဖြစ်တာကြောင့် ဇနီးမောင်နှံနှစ်ယောက်ကတော့ တက်ညီလက်ညီနဲ့အလုပ်တွေအတူလုပ်ကိုင်ကြပါတယ်။တစ်ယောက်ကိုတစ်ယောက်လည်း အရမ်းချစ်ပြီး နွေးထွေးတဲ့မေတ္တာတွေနဲ့ တည်ဆောက်ထားကြလို့ သုသုတို့ရဲ့ အိမ်ထောင်ရေးလေးကသာယာစိုပြေလှပါတယ်နော်။သုသုလေးကတော့ သဘောကောင်းမနောကောင်းပြီး ဖော်ရွေတတ်လို့ လူချစ်လူခင်ကလည်း ပေါများပါတယ်။

Photo Credit:Paing Phyo Thu's Facebook Account/RBV
Photo Credit:Paing Phyo Thu's Facebook Account/RBV
Photo Credit:Paing Phyo Thu's Facebook Account/RBV

သုသုက အနုပညာမောင်နှမတွေနဲ့လည်း ရင်းရင်းနှီးနှီးဆက်ဆံတတ်ပြီး အမြဲပြုံးချိုနေတတ်ပါတယ်နော်။အခုဆိုရင်လည်း သုသုက ဝါရင့်အဆိုတော်ကြီး ဇော်ဝင်းထွဋ်နဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့ရတဲ့အကြောင်းလေးကို "အရင်ကတည်းကပွဲတွေမှာတွေ့ဖူးပေမယ့် ဓါတ်ပုံတွဲရိုက်ခွင့်တောင်းဖို့ စကားမပြောရဲတာနဲ့ တစ်ခါမှမရိုက်ခဲ့ရဘူး ဒီနေ့တော့အရှေ့ကနေ"မကေ" ကအရင်တွဲရိုက်ဖို့ခွင့်တောင်းပြီးရိုက်သွားတော့ ကိုယ်ကနောက်ကနေအသာလေးကပ်လိုက်သွားပြီး ရအောင်ရိုက်ခဲ့တယ်"ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Paing Phyo Thu's Facebook Account/RBV
Photo Credit:Paing Phyo Thu's Facebook Account

Source&Photo Credit:Paing Phyo Thu's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။