ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ ဗိသုကာ လက်ရာမြောက်အဆောက်အအုံတွေထဲကမှ တစ်ခုဖြစ်တဲ့ "Sydney Opera House" သြစတြေးလျနိုင်ငံမှာရှိ အော်ပရာ အဆောက်အအုံကြီး အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

photo credit WIKIPEDIA

ဆစ်ဒနီဲမြို့မှ အော်ပရာရုံဟာ သြစတြေလျနိုင်ငံ လက်ရာအမြောက်ဆုံး ဗိသုကာ လက်ရာဟု အသိအမှတ်ပြုခြင်း ခံရပါတယ်။ အော်ပရာအဆောက်အအုံရဲ့ အမိုးဟာ မိုးပေါ်သို့ ပျံတက်တော့မယ့်အလား ဖြူဆွတ်နေတဲ့ အမိုးများဖြင့် မိုးထားတာ ဖြစ်ပါတယ်။ ခရုခွံပုံ အမိုးများဟာ အော်ပရာရုံ ထိပ်ဖျားတွင် အစုလိုက် လွင့်တက်တော့မယ့် ပုံဖြစ်နေပါတယ်။ အနီရောင် ဂရင်းနိုက် ကြမ်းခင်းများ ခင်းထားတဲ့ အော်ပရာရုံ အဆောက်အအုံဟာ ၂၀ ရာစုရဲ့ ဗိသုကာ အမှတ်လက္ခဏာ(icon)တစ်ခုလို့ နိုင်ငံတကာက အသိအမှတ်ပြုကြပါတယ်။

photo credit WIKIPEDIA

ဆစ်ဒနီ အော်ပရာရုံအား အဓိက ခန်းမနှစ်ဆောင်၊ စားသောက်ဆိုင်တစ်ဆောင်တို့ကို တစ်ခုနှင့် တစ်ခု ဆက်သွယ်ထားကာ ခရုခွံပုံ အမိုးများဖြင့် အုပ်မိုးထားတာ ဖြစ်ပါတယ်။ အဆောက်အဦးတစ်ခုလုံးအား ကြီးမားသော ပလက်ဖောင်းတစ်ခုပေါ်တွင် တည်ထားတာဖြစ်ပြီး ဘေးပတ်ပတ်လည်တွင် လူများဥဒဟိုသွားလာနေသော လျှောက်လမ်းများဖြင့် ဝိုင်းပတ်ထားပါတယ်။ အဆောက်အဦးကို ပုံစံထုတ်ခဲ့သူ ဒိန်းမတ်လူမျိုး ဗိသုကာ ပညာရှင် ဂျွန်အတ်ဇုန်အား အပြည်ပြည်ဆိုင်ရာ ဂျူရီအဖွဲ့က ဆုချီးမြှင့်ခဲ့ပြီးနောက် ထိုအဆောက်အအုံဟာ ဆောက်လုပ်မှု သစ်ဆန်းသော နည်းပညာသို့ အကြီးအကျယ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဆစ်ဒနီဲမြို့မှ အော်ပရာရုံဟာ ယူနက်စ်ကို အဖွဲ့ရဲ့ အသေးငယ်ဆုံးသော ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit WIKIPEDIA

photo credit WIKIPEDIA
photo credit WIKIPEDIA

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။