(၇) ပွဲဆက် နိုင်ပွဲနှင့်အတူ ရှုံးပွဲမရှိ ခရီးဆက်နေခဲ့တဲ့ ဟံသာဝတီယူနိုက်တက်အသင်းဟာ ပွဲစဉ်(၈) မှာတော့ ဧရာဝတီယူနိုက်တက်အသင်းကြောင့် ရှုံးပွဲမရှိစံချိန်ဟာ ပျက်ပြယ်သွားခဲ့ရပါတယ်။ကျောက်တိုင်ကွင်းမှာ ကျင်းပခဲ့တဲ့ MPT Myanmar National League 2020 ပွဲစဉ်(၈) မှာ အိမ်ရှင်ဧရာဝတီယူနိုက်တက်အသင်းက ဟံသာဝတီအသင်းကို ရာဇာအောင်ရဲ့ သွင်းဂိုးတစ်ဂိုးနှင့်အတူ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ဒီဂိုးဟာ ရာဇာအောင်အတွက် မြန်မာနေရှင်နယ်လိဂ် ပထမဆုံးသွင်းဂိုးလည်းဖြစ်ပြီး အသင်းကလည်း ၎င်းရဲ့တစ်လုံးတည်းသောဂိုးနဲ့ပဲ အနိုင်ရခဲ့တာပါ။ယနေ့ပွဲမှာ နှစ်သင်းစလုံးက ကစားသမားတစ်ဦးစီ ထုတ်ပယ်ခံခဲ့ရတဲ့အထိ ဒီနှစ်သင်းကြား ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တာဖြစ်ပါတယ်။ 

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ရှုံးပွဲမရှိသေးတဲ့ နှစ်သင်း တွေ့ဆုံမှု ဖြစ်တာကြောင့် ပွဲက အတော်လေး ကြည့်ကောင်းခဲ့သလို ပွဲကြမ်းတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ယနေ့ပွဲရလဒ်ကြောင့် ဧရာဝတီယူနိုက်တက်အသင်းက အမှတ်ပေးဇယားအဆင့် (၂) နေရာ တက်လှမ်းလာနိုင်ခဲ့ပြီး ဟံသာဝတီယူနိုက်တက်အသင်းက အမှတ်ပေးဇယားအဆင့်(၁) နေရာကို ဆက်လက်သိမ်းပိုက်ထားဆဲ ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။