ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကျွန်ုပ်တို့ အသုံးပြုနေကြတဲ့ Facebook လုပ်ငန်းများအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။၂၀၀၄ ခုနှစ်လယ်ပိုင်းတွင် မာ့က်ဇူကာဘတ်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ရှောင်ပါ့ကာ (Sean Parker)ဟာ ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။

photo credit pngtree

နောက်ပိုင်းမှာတော့ မာ့က်ဇူကာဘတ်က ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ် (CEO) တာဝန်ကို ယူခဲ့ပါတယ်။ ထိုနှစ် ဇွန်လမှာ ဖေ့စ်ဘွတ်ရုံးချုပ်ကို အမေရိကန် နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်၊ မန်လို ဥယျာဉ်တွင် ဖွင့်လှစ်ခဲ့ပါတယ်။ မာ့က်ဇူကာဘတ်ဟာ မိမိရဲ့ကွန်ရက် Thefacebook မှ The ကို ဖြုတ်ရန် မူလက ရှိထားပြီးနှင့်တဲ့ ဒိုမိန်းအမည် Facebook ကို ဒေါ်လာ နှစ်သိန်းပေးကာ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

တစ်စထက် တစ်စ သုံးစွဲသူ တစ်ဟုန်ထိုးများပြားလာတဲ့ facebook ကွန်ရက် လုပ်ငန်းသို့ ၂၀၀၅ ခုနှစ် မေလမှာ Accel ကုမ္ပဏီက ဒေါ်လာ ၁၂ ဒသမ ၇ သန်း ထည့်သွင်း ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းတွင်လည်း အခြားလုပ်ငန်းရှင်များရဲ့ ရင်းနှီးငွေ ထည့်ဝင်မှုများ တိုးတက်လာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့သော Compete.comရဲ့ စစ်တမ်းများက Facebook ဟာ ကမ္ဘာတစ်ဝန်းတွင် သုံးစွဲမှု အများဆုံး လူမှုကွန်ရက်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။