ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ အမှတ် ၂ ရပ်ကွက်တွင် အသုဘချရန် လမ်းမရှိ၍ အဆိုပါရပ်ကွက်မှ သေဆုံးသူ ဦးတိုး (၆၇ နှစ်) ၏ရုပ်အလောင်းအား ငါးရက်ကြာသည်အထိ မြေချလို့မရသည့်အခက်အခဲကို ယနေ့တွင်ဖြေရှင်းနိုင်ခဲ့သည်။

သုဿန်သို့ သွားရသော လမ်းမရှိဟုဆိုကာ မလိုလားအပ်တဲ့ ပြသနာတွေ၊လူစုလူဝေးမဖြစ်ပေါ်ေ စရန်အတွက် ငွေဆောင်တွင်ကွယ်လွန်ခဲ့သူ ဦးတိုးအလောင်းကို လုံခြံုရေးအစောင့်အရှောက်နဲ့ ယနေ့တွင် သုဿန်သို့ ပို့ဆောင်နိုင်ခဲ့ကြောင်း မြတ်ဒါန လူမှုကူညီရေးအသင်း မှတစ်ဆင့်သိရှိရသည်

ငွေဆောင်မြို့၊ ဇီးမှော်ကုန်းအိမ်စုတွင်နေထိုင်သူ ဦးတိုး ၆၇ နှစ်သည် မေလ ၂၀ ရက်နေ့က ကွယ်လွန်ခဲ့ပြီး ၂၂ ရက်နေ့ တွင်နာရေးပို့ဆောင်

သင်္ဂြိုလ်ရမည်ဖြစ်သော်လည်း အသုဘချမည့်လမ်းကို ငွေဆောင်မြို့နေ မိသားစုတစ်စုမှ အုတ်တံတို င်းခတ်ကာ ဂိုထောင်ဆောက်ထားခြင်း တခြားလမ်းမှ အသုဘချရန်အတွက်လည်း ဒေသခံများက လက်မခံခြင်းတို့ကြောင့် အခက်အခဲ ကြံုတွေ့နေခြင်း ဖြစ်သည်။အဆိုပါ ပို့ဆောင်မှုတွင် မြတ်ဒါန လူမှုကူညီရေးအသင်းနဲ့အတူမြို့နယ်ရဲတပ်ဖွဲ့ဝင်အင်အားများမြို့နယ်မီးသတ်တပ်ဖွဲ့များ

မြို့စည်ပင်သာယာရေးအဖွဲ့များ၊ဌာနဆိုင်ရာမှလူကြီးများ၊မြို့အုပ်ချုပ်ရေးအဖွဲ့များ၊မရမ်းကုန်း သီလရက္ခိတ ပရဟိတလူငယ်များ၊ဒေသခံပြည်သူများ က ၀ိုင်းဝန်းပူးပေါင်းအင်အားဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

"ငါးရက်ပေါ့နော်။ မသဂြိုင်္လ်ရတာ ရပ်ဓလေ့ရွာဓလေ့အရ

အစုန်လမ်းရယ် အဆန်လမ်းရယ်မှာ တဖက်ကလည်း ဘိုးဘွားပိုင်မြေဆိုပြီး လမ်းပိတ်ထားပြီးတော့ အမှု့အခင်းလည်းဖြစ်နေတဲ့အတွက် ထွက်လို့မရဘူးပေါ့။

တောင်ဘက်လမ်းက အဆန်လမ်းဖြစ်နေပြီး

ရပ်ဓလေ့ရွာဓလေ့အရ ထွက်မရဘူး။ အခုလိုမြေမချရသေးဘူးဖြစ်နေတယ်။

၇ ရက်ကြာလို့မှ မသဂြိုင်္လ်ရဘူးဆိုရင် အလောင်းကို သက်ဆိုင်ရာကိုအပ်မယ်

"လို့ကွယ်လွန်သူ ဦးတိုး၏သားဖြစ်သူကိုငြိမ်းကျော်မှလွန်ခဲ့တဲ့ ရက်အနည်းငယ်ကပြောကြားခဲ့သည်။သေဆုံးသူ၏ အသုဘသည် (၇)ရက်မြောက်တိုင်ခဲ့ပြီး ရရက်မြောက်နေ့မှာ ချနိုင်ခဲ့ခြင်းဖြစ်ပါသည်။

Source: မြတ်ဒါန လူမှုကူညီရေးအသင်း ငွေဆောင်ကမ်းခြေ

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။