မြင့်မြတ်ကတော့ ဗိုလ်အောင်ဒင်ချစ်သောမိန်းမများတဲ့၊အခုတဖန်မှာတော့ စီရော်နယ်ဒိုချစ်သောမိန်းမများကို တင်ဆက်လိုက်ပါတယ်။

၁ ။ ။Georgina Rodriguez

၂၀၁၆လောက်တုန်းက စီရော်နယ်ဒိုနဲ့စတင်ချိန်းတွေ့ခဲ့ပြီး၊၂၀၁၇ ဇန်နဝါရီမှာတော့ အများပြည်သူကိုတွဲနေတဲ့အကြောင်း ကြေငြာခဲ့ပါတယ်။စပိန်နိုင်ငံမှာမွေးဖွားတဲ့ Georgina Rodriguez အသက်က ၂၁နှစ်ပါ။ရိုးရှင်းတဲ့ သာမန်မိန်းကလေးတစ်ယောက်ပါ။ 

၂ ။ ။Irina Shayk

အသက်၃၁နှစ်ရှိတဲ့ ဖက်ရှင်မော်ဒယ်၊ရုပ်ရှင်မင်းသမီးပါ။Hercules ဇာတ်ကားမှာတောင်ပါဝင်ခဲ့တဲ့သရုပ်ဆောင်ပါ။ ရုရှားနိုင်ငံဇာတိပါ။၂၀၁ဝကနေ ၂၀၁၄အထိတွဲခဲ့ပါတယ်။ 

၃။ ။ Andressa Urach

၂၀၁၃တုန်းက သတင်းထွက်ခဲ့တဲ့တစ်ယောက်ပါ။ဘရာဇီးဇာတိဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်၊မော်ဒယ်နဲ့တီဗီအစီအစဉ် တင်ဆက်သူတစ်ယောက်ပါ။အသက်က၂၉နှစ်ပါ။ 

၄။ ။ Rita Pereira

၂၀၁၄လောက်က တွဲခဲ့တယ်လို့ကောလာဟလသတင်းတွေထွက်ခဲ့ပါတယ်။ ပေါ်တူဂီဇာတိဖြစ်ပြီးအသက်က၃၃နှစ်ပါ။ 

၅။ ။ Kim Kardashian

အကိတ်ကြီးနဲ့တွဲခဲ့တာကတော့၂၀၁၀ အတောအတွင်းမှာပါ။ အသက်၃၆နှစ်ရှိပြီးအမေရိကန်နိုင်ငံမှာမွေးဖွားခဲ့သူပါ။ ဖက်ရှင်ဒီဇိုင်နာ၊မော်ဒယ်၊တီဗီအစီအစဉ်ထုတ်လုပ်ရေးမှုး၊ စီးပွားရေးလုပ်ငန်းရှင်နဲ့စွန့်ဦးတီထွင်သူအမျိုးသမီးတစ်ယောက်ပါ။ 

၆။ ။ Paris Hilton

သန်းကြွယ်သူဌေးမလေးနဲ့တွဲခဲ့ချိန်ကတော့၂၀၀၉ဝန်းကျင်လောက်ကပါ။အမေရိကန်နိုင်ငံသူဖြစ်ပြီးအသက်ကတော့ ၃၆နှစ်ပါ။ ရုပ်ရှင်မင်းသမီး၊ဖက်ရှင်ဒီဇိုင်နာ၊ မော်ဒယ်၊တီဗီအစီအစဉ်ထုတ်လုပ်ရေးမှုး၊စီးပွားရေးလုပ်ငန်းရှင်နဲ့ စွန့်ဦးတီထွင်သူ၊ အမျိုးသမီးရုပ်ရှင်ဒါရိုက်တာအဖြစ်လူသိများလှပါတယ်။ 

၇။ ။Gemma Atkinson

အင်္ဂလန်သူဖြစ်ပြီးအသက်ကတော့၃၂နှစ်ပါ။မော်ဒယ်၊သရုပ်ဆောင်၊ဖက်ရှင်မော်ဒယ်အဖြစ်လူသိများလှပါတယ်။ 

၈။ ။Nereida Gallardo

၂၀၀၈လောက်က တွဲခဲ့တာပါ။တော်တော်လေးနံမည်ကျော်ခဲ့ပါတယ်။ 

၉။ ။Merche Romero

၂၀၀၅ ကနေ ၂၀၀၆အထိ သူမရင်ခွင်ခိုလှုံခဲ့သူပါ။အန်ဒိုရာနိုင်ငံသူဖြစ်သလို သရုပ်ဆောင်၊ဖက်ရှင်မော်ဒယ်၊တီဗီအစီအစဉ်တင်ဆက်သူ၊ ကုန်ပစ္စည်းမော်ဒယ်အဖြစ်ထင်ရှားပါတယ်။

Source: RANKER

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။