ရေခဲပြင် ဟော်ကီ ကစားနည်းကို လူတော်တော်များများ သိပြီးကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရေခဲပြင်အောက်မှာ ကစားကြတဲ့ "Underwater ice Hockey" အားကစားနည်းကိုတော့ သိတဲ့သူ အနည်းငယ်သာ ရှိမှာပါ။ ဒါကြောင့်မလို့ အားပေးနေတဲ့ ပရိသတ်ကြီးကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် အဲ့အားကစားနည်းအကြောင်း ရေးသားဖော်ပြပေးသွားမှာပါ။ ထိုကစားနည်းကို မူလစတင်တီထွင်ခဲ့တာကတော့ သြစတြီးယားနိုင်ငံမှ ဖြစ်ပါတယ်။ အသက်ရှူကိရိယာ အသုံးမပြုဘဲ စွန့်စွန့်စားစား ရေငုပ်တဲ့သူတွေ နှစ်သက်သော အားကစားနည်းလို့ ဆိုရမှာပါ။

photo credit pngtree

ရေခဲပြင်အောက် ဟော်ကီဟာ အားကစားရုံများအတွင်းရှိ ရေကူးကန်များတွင် ကစားတဲ့ ရေအောက် ဟော်ကီနဲ့ မတူဘဲ အေးခဲနေတဲ့ ရေခဲပြင်မျက်နှာပြင်အောက် မှာကစားကြတာ ဖြစ်ပါတယ်။ အကျယ်အဝန်းကတော့ ၆မီတာကျယ်ပြီး ၈မီတာရှည်လျားတဲ့ နေရာတွင် ကစားကြရတာ ဖြစ်ပါတယ်။ ထူကဲတဲ့ ရေခဲပြင်ကို စတုရန်းပုံ အပေါက်ကြီး တစ်ပေါက်ဖော်ပြီး အားကစားသမားများဟာ အအေးထဲတွင် ကြာရှည်နေနိုင်ရန် ပြုလုပ်ထားတဲ့ ရော်ဘာဝတ်စုံများကို ဝတ်ဆင်ထားကြရတာ ဖြစ်ပါတယ်။

photo credit pngtree

ထို့နောက် ဟော်ကီ တုတ်များကို ယူဆောင်လျက် ရေထဲသို့ ခုန်ချကြပြီး ရေခဲပြင်ရေအောက်မှာ မျောနေတဲ့ ရာဘာဘောလုံးကို တစ်ဖက်နှင့် တစ်ဖက်ရှိ ဂိုးပေါက်များအတွင်းသို့ အလုအယက် ကြိုးစား သွင်းယူကြရတာ ဖြစ်ပါတယ်။ အားကစားသမားများဟာ အသက်ရှူစွမ်းရည် မြင့်မားသူများ ဖြစ်ရန်လိုအပ်ပါတယ်။ အားကစားသမားများဟာ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ် အသက်ရှူကိရိယာများကို အသုံးပြုလို့မရပါဘူး။ ရေခဲပြင်အောက် ဟော်ကီအားကစားဟာ ရေအောက်တွင် ကစားနေကြသဖြင့် စက္ကန့်၃၀ကြာတိုင်း ရေပြင်ပေါ်သို့ ခေါင်းဖော်ပြီး အသက်ရှူကြရပါတယ်။ ပြိုင်ပွဲအတွင်းမှာ ကစားသမားများက အလွန်ပင်ပန်းတာပဲဖြစ်ဖြစ်၊ အသက်ရှူရမယ့် နေရာရှာမရတာပဲဖြစ်ဖြစ် ရေခဲပြင်ကို ဖော်ထွင်း၍မရပါက အသက်ရှူရပ်ကာ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ထိုအခြေအနေများကို ကာကွယ်နိုင်ရန် ကစားနေစဉ်အတွင်းမှာ အောက်ဆီဂျင်ဗူးများ သယ်ဆောင်ထားသော ရေငုပ်သမား လေးယောက်က ပြိုင်ပွဲကို ကြီးကြပ်ကွပ်ကဲရပါတယ်။ အရေးပေါ်အခြေအနေများမှာ အားကစားသမားများ အသက်ရှူနိုင်ရန်အတွက် ဆောင်ရွက်ပေးကြရပါတယ်။ ရေခဲပြင်အောက်ဟော်ကီ ပြိုင်ပွဲဟာ ၁၀ မိနစ် ယှဉ်ပြိုင်ပြီးတိုင်း ၁၀ မိနစ်ခန့်ပွဲကို နားပြီးမှ ဆက်လက်ကစားရသော ရှားရှားပါးပါး အားကစားနည်း တစ်ရပ် ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree  

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။