ဒီတစ်ပါတ်မှာ ပရိသတ်ကြီးကို ဗဟုသုတ ကဏ္ဍအစီအစဉ်ကနေ ကလေးကစားစရာ အရုပ်လေးတစ်ရုပ်သို့မဟုတ် ကမ္ဘာ့ဇိမ်ခံပစ္စည်းအမျိုးအစား စာရင်းဝင်တဲ့ "Madame Alexander Eloise" အရုပ်မလေးနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့အရုပ်မလေးကို အပေါ်ယံကြည့်မယ်ဆိုရင်တော့ သာမန်အရုပ်တစ်ရုပ်လို့ ထင်ရပေမယ့် တစ်ကယ်တမ်းကျတော့ ပိုက်ဆံချမ်းသာတဲ့ သူဌေးတွေနဲ့သာ အပ်စပ်တဲ့ အဖိုးတန်ပစ္စည်းလေးပဲ ဖြစ်ပါတယ်။

photo credit pngtree

ကမ္ဘာ့ဈေးအကြီးဆုံး အရုပ် (၁၀)ရုပ် စာရင်းထဲမှာ ပါဝင်ခဲ့တာဟာ လွယ်လွယ်ကူကူနဲ့တော့ ဖြစ်မလာပါဘူး။ အဲ့အရုပ်မလေးဟာ အခြားစိန်၊ ရွှေ၊ လက်ဝတ်ရတနာတွေထက်တောင် ဘာကြောင့်ဈေးကြီးလဲဆိုတော့ ကမ္ဘာ့နာမည်ကြီး ကုမ္ပဏီသုံးခုရဲ့ chairmanတွေက သူတို့ရဲ့ င်းနှီးမှု အမှတ်တရအနေနဲ့ ပူးပေါင်းပြီး တီထွင်ထုတ်လုပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီကိစ္စဟာ အခြားကုမ္ပဏီတွေကြား ပျံ့နှံ့သွားခဲ့ပြီး သူနဲ့ ပုံစံတူ အရုပ်တွေထုတ်လုပ်ခဲ့ပေမယ့် မူလအရုပ်လောက်တော့ တန်ဖိုးမမြင့်မားပါဘူး။

photo credit pngtree

ထိုတန်ဖိုးကြီးမားသော အရုပ်မလေးကို ငွေကုန်ကြေးကျခံကာ ပြုလုပ်ဖန်းတီးခဲ့တဲ့ ကမ္ဘာကျော် သူဌေးကြီးတွေရဲ့ အမည်တွေကို ပရိသတ်ကြီး သိချင်နေလောက်ပြီ ထင်ပါတယ်။ ပထမတစ်ဦးကတော့ "Harry Wiston"လို့ခေါ်တဲ့ နာမည်ကြီး စိန်ပညာရှင်၊ ဒုတိယ တစ်ယောက်ကတော့ "Christian Dior" လို့အမည်ရတဲ့ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာဖြစ်ပြီး နောက်ဆုံးတစ်ယောက်ကတော့ "Swarovski" အမည်ရတဲ့ မျက်မှန်နှင့် ဖက်ရှင်ဒီဇိုင်း ကုမ္ပဏီ ပိုင်ရှင်ပဲ ဖြစ်ပါတယ်။ ထိုအရုပ်လေးရဲ့ လေလံကြမ်းခမ်းဈေးဟာ အမေရိကန်ဒေါ်လာ 5 million ဖြစ်ပြီး လက်ရှိ မြန်မာငွေနဲ့ တွက်ကြည့်မယ်ဆိုရင် သန်း ၇ ထောင်ကျော်နီးပါး တန်ဖိုးရှိပါတယ်။ အဓိကအကြောင်းကတော့ အဲ့အရုပ်လေးထဲမှာ စိန်တွေရှိတာကြောင့်ပဲ ဖြစ်ပါတယ်။

source Once A Glance Page

photo credit pngtree

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။