အိမ်မွေး တိရိစ္ဆာန်လေးတွေကို ချစ်ကြတဲ့ ပရိသတ်ကြီးအတွက် ထူးထူးခြားခြားလေးဖြစ်သွားအောင် ဒီတစ်ပါတ် ဗဟုသုတ အစီအစဉ်ကဏ္ဍကနေပြီးတော့ နေရာအနှံ့မှာ ပုံစံမျိုးစုံနဲ့ ပုံအောင်းနေကြတဲ့ ကြောင်ကလေး၊ ခွေးကလေးတွေရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို တင်ဆက်ပြသပေးသွားမှာပါ။ အဲ့အကောင်လေးတွေဟာ သူ့တို့ရဲ့ သခင်တွေ မတွေ့အောင် ပုန်းအောင်းနေသလို ဖြစ်နေပမယ့် တစ်ကယ်တမ်းကျတော့ သူတို့နေထိုင်ရာ ဘေးပတ်ဝန်းကျင်ကြောင့် အဲ့လိုပုံစံမျိုးပေါ်သွားစေတာပါနော်။

photo credit Bright Side

သူတို့ရဲ့ အပြစ်ကင်းစင်ပြီး ချစ်စဖွယ် အမူအရာလေးတွေကြောင့် ဗြုန်းကနဲ ကြည့်လိုက်မိတယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် တစ်ခဏတော့ အံ့သြမှင်သက် ပြုံးရယ်သွားမှာပါ။ ဒါကြောင့် အပန်းမကြီးဘူးဆိုရင် အပုန်းကောင်းတဲ့ ဆရာသမားလေးတွေကို မျက်စိလျင်လျင်ထားပြီး ရှာကြည့်လိုက်ပါနော်...။ အိမ်မွေး တိရိစ္ဆာန်လေးတွေထဲကမှ ကြောင်ကလေးတွေကို ချစ်တဲ့သူက သူတို့ကို လျင်လျင်မြန်နဲ့ ရှာတွေ့မှာဖြစ်ပြီး၊ ခွေးကလေးတွေကို ပိုချစ်တဲ့သူကတော့ ခွေးကလေးတွေကို လျင်လျင်မြန်မြန်နဲ့ ရှာတွေ့သွားမှာပါ...။

photo credit Bright Side

အခု admin ဖော်ပြပေးတဲ့ ပုံရိပ်လေးတွေဟာ ရသပေါင်းစုံပေးစွမ်းနိုင်တာကို ပရိသတ်ကြီး အနုပညာမျက်စိနဲ့ ကြည့်မယ်ဆိုရင် သေချာတွေ့ မြင်နိုင်မှာပါ။ သစ်ရွက် ခြောက်လေးတွေကြားမှာ မျက်လုံးပြူး၊ မျက်စံပြူးနဲ့ လန့်ဖြန့်သွားတဲ့ ပုံစံမျိုးလုပ်နေတဲ့ ဆရာသမား၊ ကြောင်ပုံတွေပါတဲ့ လိပ်ကာနောက်မှာ သူ့ကို မမြင်ဘူးထင်ပြီး ရောရောင်ပုန်းနေတဲ့ ကြောင်ကလေး၊ ခွေးအကြီးပေါ်မှာ အိပ်နေတဲ့ ကြောင်ကလေးတို့ကို အမှတ်မထင် ကြည့်လိုက်မယ်ဆိုရင် ခွေးအကြီးတစ်ကောင်တည်းလို့ ထင်ရပြီး အပြန်အလှန် မေတ္တာထားရှိပုံတို့က အကယ်ဒမီရှော့ပါပဲ။ နောင်လည်း အခုလိုမျိုး ဘဝအမောပြေစေမယ့် အကြောင်းအရာ အဖြစ်အပျက်ဆန်းတွေကို ဖော်ပြပေးသွားမှာမလို့ ဆက်လက်စောင့်မျှော် အားပေးကြပါဦး။ 

photo credit Bright Side
photo credit Bright Side
photo credit Bright Side
photo credit Bright Side
photo credit Bright Side
photo credit Bright Side
photo credit Bright Side

မည်သည့်တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တက်ဆက်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။