1. Mark Prin and Kimmy Kimberley

Mark Prin နဲ့ Kimmy Kimberley ဟာဆိုရင် ဇာတ်လမ်းတွဲ တော်တော်များများမှာတွဲပြီးသရုပ်ဆောင်ပြီးတဲ့နောက်

တကယ်ချစ်သူတွေဖြစ်သွားခဲ့ကြတာပါ ။ သူတို့စုံတွဲပါဝင်ထားတဲ့ ဇာတ်ကားတွေကတော့ Sarm Noom Nuer Tong, Panya Chon Kon Krua, Ton Ruk Rim Rua, and Ab Ruk Online တို့ပဲဖြစ်ပါတယ် ။ သူတို့နှစ်ယောက်ဟာ ခုလက်ရှိမှာ Kom Faek ဆိုတဲ့ဇာတ်လမ်းတွဲကို ရိုက်ကူးနေပြီး မကြာခင်မှာ ထုတ်လွှင့်ပြသတော့မှာပဲဖြစ်ပါတယ် ။

2. Mario Maurer and Junji

Mario Maurer နဲ့ Junji တို့ဟာ ချစ်သူတွေဖြစ်နေကြောင်း ပရိတ်သတ်အားလုံးလိုလိုက သိကြပါတယ် ။ သို့ပေမယ့်လဲ သူတို့စုံတွဲဟာ နှစ်ယောက်တွဲပုံတွေကို social media တွေမှာ တင်လေ့မရှိတဲ့သူတွေပါ ။ သူတို့နှစ်ယောက် ချစ်သူတွေဖြစ်နေကြတာကို မာရီယို ရဲ့ ပရိတ်သတ်အချို ့ကနှစ်သက်ခြင်းမရှိလှပါဘူး ။

3. Dj Push and Jooy Warattaya

Dj Push နဲ့ Jooy Warattaya တို့ဟာ Fun Fueng ဆိုတဲ့ ဇာတ်ကားကိုရိုက်ကူးပြီးနောက်မှာချစ်ကျွမ်းဝင်သွားကြတာပါ ။ ထို စုံတွဲကိုမြင်ရတာ ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာနဲ့ ကြည်နူးစရာလေးဖြစ်ပြီးတော့ သူတို့နှစ်ဦးဟာ မကြာခင်မှာ လက်ထပ်ကြတော့မှာလဲဖြစ်ပါတယ် ။

4. Ken Phupoom and Esther Supreeleela

သူတို့နှစ်ယောက်ကတော့ ပရိတ်သတ်တော်တော်များများအားကျရတဲ့ စုံတွဲပါ ။ တစ်ဦးနဲ့ တစ်ဦးအရမ်းချစ်ကြပြီး သူတို့ရဲ့ လှုမှုကွန်ယက်တွေမှာ အမြဲလိုလို Romantic ဆန်တဲ့ စုံတွဲပုံလေးတွေ တွေ့ ရလေ့ရှိပါတယ် ။ မကြာသေးခင်ကမှ Ken ဟာ သူ့ချစ်သူ Esther အတွက် surprised birthday ကိုတောင်စီစဉ် ပေးခဲ့ပါသေးတယ် ။

5. Nadech Kugimiya and Yaya Urassaya

Mark နဲ့ Kim တို့လိုပဲ Nadech Kugimiya and Yaya Urassaya တို့နှစ်ဦးကလဲ ဇာတ်လမ်းတွဲတွေ တွဲဖက်သရုပ်ဆောင်ပြီးနောက် ချစ်ကျွမ်းဝင်သွားကြတာဖြစ်ပါတယ် ။ Duang Jai Akkanee, Torranee Nee Krai Krong, Game Rai Game Ruk, and Roi Fun Tawan Duerd ဆိုတဲ့ ဇာတ်ကားတွေမှာ

သူတို့ရဲ့ သရုပ်ဆောင်မှုတွေကိုတွေ့နိုင်ပါတယ် ။ ချစ်သူတွေမဖြစ်ခင်ထဲက အရမ်းလိုက်ဖက်တဲ့အတွဲလို့ မှတ်ချက်အပေးခံရသူတွေပါ ။ သူတို့နှစ်ယောက်ရဲ့ ‘The Crown Princess’ နဲ့ ‘Leh Lub Salub Rarng’ ဆိုတဲ့ ဇာတ်ကားတွေအသစ်ထပ်ထွက်ဖို့ရှိပါတယ် ။ ပွဲတွေကို စုံတွဲတက်လေ့ရှိပြီး တစ်ဦးနဲ့တစ်ဦးအလွန် ဂရုစိုက်တဲ့ပုံတွေကိုလဲ မကြာခဏ မြင်တွေ့ရမှာပဲဖြစ်ပါတယ် ။ 

အထက်ပါမင်းသမီးတွေကတော့ မင်းသားချောတွေနဲ့ ချစ်ကြိုးသွယ်နေသူတွေပဲဖြစ်ကြပါတယ် ။ ပရိတ်သတ်တွေရော ဘယ်စုံတွဲကို အနှစ်သက်ဆုံးပါလဲ ?

Source : daranews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။