ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းမှာ ထူးထူးခြားခြား နည်းလမ်းတွေဖြင့် အသက်ရာကျော်ခဲ့တဲ့ လူတွေအကြောင်းနဲ့ ပတ်သက်ပြီး ဖော်ပြပေးသွားမှာပါ။ အဲ့ထဲကမှ "Pearl Cantrell" ဆိုတဲ့ အဖွားအိုအကြောင်းကို ရွေးချယ် တင်ဆက်ပေးသွားမှာပါ။ လတ်တလောအနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတသတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

အမေရိကန် တက္ကတက်စ်ပြည်နယ်တွင်နေထိုင်တဲ့ အဖွားအို "ပါးလ် ကန်ထရယ်"ဟာ ၂၀၁၃ ခုနှစ်တွင် အသက် ၁၀၅ နှစ်ပြည့်ခဲ့ပါတယ်။ ပါးလ် ကန်ထရယ်ဟာ အသက် ၃၈ နှစ်အရွယ်တွင် ကလေး ခုနစ်ယောက် မိခင်ဘဝနှင့် မုဆိုးမဖြစ်ခဲ့ပါတယ်။ ငယ်စဉ်က ဝါကောက်သမ၊ ကောက်လှိုင်းစည်း စည်းသူ အစရှိသဖြင့် အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့ပါတယ်။ သူမရဲ့ အသက်ရှည် နည်းလမ်းကတော့ ဝက်ပေါင်ခြောက်စားတာပဲ ဖြစ်ပါတယ်။

photo credit pngtree

ပါးလ် ကန်ထရယ်ဟာ ဝက်ပေါင်ခြောက်ကို အထူးနှစ်ခြိုက်ကာ နေ့စဉ်စားသုံးခဲ့ပါတယ်။ ဝက်ပေါင်ခြောက်ကို နေ့စဉ်စား နေရသဖြင့် မိမိကို မိမိ အိုတယ်လို့ မထင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ ပါးလ် ကန်ထရယ်ရဲ့ ဝက်ပေါင်ခြောက် နှစ်ခြိုက်မှုကို ကြားသိခဲ့သော Oscar Mayer ကုမ္ပဏီက ပါးလ်ကန်ထရယ် စားသုံးရန် ဝက်ပေါင်ခြောက်များ ရာသက်ပန် ထောက်ပံ့ခဲ့ပါတယ်။ ထိုကုမ္ပဏီဟာ အဖွားအို ပါးလ် ကန်ထရယ်အား သူမနေထိုင်ရာ မြို့ရဲ့ လမ်းများအတွင်း ဝက်အူချောင်း ပုံပြုလုပ်ထားသော မော်တော်ယာဉ်ဖြင့် တင်ဆောင် မောင်းနှင်ပြသခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။