ခြေလမ်း ခပ်ကြဲကြဲနဲ့ အမြဲ ခပ်သွက်သွက် လမ်းလျှောက်တတ်တဲ့ သူမျိုးတွေကို မကြာခဏဆိုသလို တွေ့ဖူး၊ ကြုံဖူးကြပါလိမ့်မယ်။ အဲ့လိုလူမျိုးက စာဖတ်ပရိသတ်ကြီးလည်း ဖြစ်နိုင်သလို၊ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေထဲမှာလည်း ရှိကြမှာပါ။ အခု လူငယ်တွေရဲ့ လူနေမှုပုံစံနဲ့ ပတ်သက်ပြီး ဖော်ပြပေးသွားမယ့် သတင်းရဲ့ ခေါင်းစဉ်လေးဟာ "လမ်းမြန်မြန် လျှောက်တတ်တဲ့သူတွေက ဘာကြောင့်ပျော်ရွှင်မှုနည်းပါးရတာလဲ" ဆိုပြီး မေးခွန်းမေးတဲ့ပုံစံအနေနဲ့ သွားထားတာ ဖြစ်ပါတယ်။

photo credit pngtree

မေးခွန်းလေးကို ဖတ်ရှုပြီးတဲ့နောက်မှာ သူရဲ့ အဖြေလေးကို သိချင်နေကြပြီလို့ ထင်ပါတယ်။ အဖြေကတော့ ရှင်းရှင်းလေးပါ...။ ဘာကြောင့်လဲဆိုတော့ ဘဝကို အလျင်စလိုဖြစ်ပြီး မြန်မြန်ဆန်ဆန် ဖြတ်သန်းလှုပ်ရှားနေတာက မိမိကျန်းမာရေးကို ဆိုးရွားသလို ဖြစ်စေတာကြောင့်ပါ။ လမ်းလျှောက်မြန်တဲ့သူတွေရဲ့ မူလစိတ်ဗီဇကိုက မြန်နေတာကြောင့် ထမင်းစားတာ၊ စကားပြောတာကအစ မြန်နေတတ်ပါတယ်။ အဲ့ဒီလိုမျိုး လူနေမှုဘဝပုံစံဟာ အချိန်ကြာလာတဲ့အခါမှာ ခန္ဓာကိုယ်ကို ထိခိုက်တာမျိုးတွေ ဖြစ်လာတတ်တာကြောင့် ပျော်ရွှင်စရာကိစ္စတွေက လျော့နည်းသွားပါတယ်။

photo credit pngtree

ဒါကြောင့်မလို့ "slowly and steady"ဆိုတဲ့ ပရိသတ်ကြီး ကြားဖူးနေကြ စကားအတိုင်း ဘဝကို ဖြည်းဖြည်းနဲ့မှန်မှန် ဖြတ်သန်းသွားလာဖို့ပါ။ မမြန်နဲ့ဆိုတိုင်းလည်း အမြဲသူ့များနောက်က လိုက်ဖို့မဟုတ်ဘဲ လေ့လာစရာတွေ၊ သင်ယူစရာတွေကိုတော့ ကိုယ်က အမြဲဦးအောင် လုပ်ဆောင်နေဖို့လိုပါတယ်။ နေ့စဉ် လှုပ်ရှားသွားလာ စားသောက်မှုကိုသာ စိတ်ဖိစီးမှုများနေတဲ့သူတစ်ယောက်လို ယောက်ယက်ခတ်ပြီး အလျင်စလို မပြုလုပ်ဘဲ smart ကျကျ၊ တည်တည်ငြိမ်ငြိမ်လေးနဲ့ လှုပ်ရှားသွားလာမှုပြုခြင်းဖြင့် သင်တို့ရဲ့ ဘဝမှာ ပျော်ရွှင်မှုအပေါင်း သရဖူဆောင်းနိုင်မှာ ဖြစ်ပါတယ်....။

photo credit pngtree

photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

မည်သည့်တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။