ရှမ်းယူနိုက်တက်ယူ၁၉အသင်းဟာယနေ့ မွန်းလွဲ ၄:၀၀ နာရီ၊ တောင်ဒဂုံဘောလုံးကွင်းမှာ မောရဝတီယူ၁၉အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ ရှမ်းယူနိုက်တက်ယူ၁၉အသင်းက မောရဝတီယူ၁၉အသင်းကို (၂ ဂိုး ဂိုးမရှိဖြင့်) ဦးဆောင်ထားပါတယ်။ 

photo credit : Myanmar National League 's facebook page
photo credit : Myanmar National League 's facebook page

ရှမ်းယူနိုက်တက်ယူ၁၉အသင်းအတွက်ဦးဆောင်ဂိုးတွေကိုတော့ အေးမင်းသူက သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲပြီးဆုံးချိန်မှာ ရှမ်းယူနိုက်တက်ယူ၁၉အသင်းက မောရဝတီယူ၁၉အသင်းကို (၆ ​ဂိုး ဂိုးမရှိဖြင့်) အနိုင်ရရှိကာ ၄ ပွဲဆက်တိုက် ပေးဂိုးမရှိဘဲ နိုင်ပွဲဆက်ခဲ့ပါတယ်။ 

photo credit : Myanmar National League 's facebook page
photo credit : Myanmar National League 's facebook page

ရှမ်းယူနိုက်တက်ယူ၁၉အသင်းအတွက် အနိုင်ဂိုးတွေကို အေးမင်းသူက ဟက်ထရစ်သွင်းယူပေးခဲ့တာပဲဖြစ်ပြီး နွေးအေး သူရအောင် ဟိန်းဇောယျာမင်းတို့က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။တစ်ဖက်မှာတော့ ဟံသာ၀တီယူနိုက်တတ် ယူ၁၉အသင်းကUniversity FC အသင်းကို ၂ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ 

source  : Myanmar National League/ shan united fc 's facebook page 

photo credit : Myanmar National League 's facebook page
photo credit : Myanmar National League 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။