ခေတ်မီတိုးတက်လာတဲ့ ယနေ့ခေတ်ကြီးမှာ စက်လှေကားတွေကို shopping mall တွေ၊ shopping center တွေမှာသာမဟုတ်ဘဲ လမ်းကူး ကုန်းကျော်တံတားတွေမှာပါ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့ကြီးမှာတော့ အတက်ဘက်ကိုသာဦးစားပေး တည်ဆောက်ထားတဲ့ စက်လှေကားတွေက အများဆုံးရှိတာ ဖြစ်ပါတယ်။

photo credit pngtree

အဲ့လို အများပြည်သူ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေဖို့ တည်ဆောက်ပေးထားတဲ့ စက်လှေကားတွေကို စီးနင်းတဲ့အခါမှာ စတိုင်လ်ကျကျနဲ့ နည်းစနစ်မှန်ကန်စွာ တက်ဖို့ဆင်းဖို့ လိုအပ်ပါတယ်။ အလျင်စလိုဖြစ်နေတာပဲဖြစ်ဖြစ်၊ တစ်ဘက်ခြမ်း ရောက်ဖို့ကို စိတ်မရှည်တာပဲ ဖြစ်ဖြစ် ပြေးတက်ပြေးဆင်း မလုပ်သင့်ပါဘူးနော်။

photo credit pngtree

အဲ့လိုလုပ်လိုက်ခြင်းဖြင့် အခြားစီးနင်းလိုက်ပါနေတဲ့ သူတွေကို စိတ်အနှောက်အယှက်ပေးသလိုမျိုး ဖြစ်သွားပါတယ်။ သက်တောင့်သက်သာ အတက်အဆင်း လုပ်ရအောင် တည်ဆောက်ပေးထားတဲ့အရာကို ကိုယ်ရဲ့ အလျင်စလိုပြုမူလိုက်တဲ့ပုံစံကြောင့် ဘေးပတ်ဝန်းကျင်ရဲ့အမြင်မှာ မိမိကို impression downသလို ဖြစ်သွားစေပါတယ်။ ဒါကြောင့်မလို့ အလျင်စလိုမဖြစ်ရအောင် အိမ်ကနေ စောစီးစွာ ထွက်ပြီး စတိုင်လ်ကျကျနဲ့ အတက်အဆင်းပြုလုပ်ကြရမှာ ဖြစ်ပါတယ်။

photo credit pngtree

photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

မည်သည့်တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။