ဖူးစာဆိုတာဆန်းကြယ်ပါတယ်။အက်ဆစ်နဲ့တိုက်ခိုက်ခံရလို့ မျက်နှာ ပျက်ဆီးသွားသူက သတိုးသမီးလုပ်ခွင့်မရှိတောာ့ဘူးလို့ ထင်ကြသူများနေလောက်ပါရဲ့။ဒါပေမယ့်အိန္ဒိယနိုင်ငံမှာ အက်စစ်နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက ဖုန်းနံပါတ် မှားယွင်းခေါ်ဆိုမိရာကနေ ချစ်သူရရှိသွားတယ်လို့ BBC သတင်းမှာဖော်ပြထားပါတယ်။ 

ဆွေမျိုးတွေရဲ့ အက်စစ်နဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတာကြောင့် အကြိမ်(၂၀)နီးပါး ခွဲစိတ်ခဲ့ရတဲ့ လယ်လီတာ ဘန် ဘန်စီ ဆိုသူ အမျိုးသမီးဟာ ဖုန်းနံပါတ်တစ်ခုကို မှားယွင်းခေါ်ဆိုမိခဲ့ပါတယ်။ သူခေါ်ဆိုမိတဲ့ ဖုန်းနံပါတ်ဟာ CCTV ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက်(၂၇)နှစ်အရွယ် ရာဗစ် ရှန်ကာဆင်း ဆိုသူရဲ့ ဖုန်းဖြစ်ပါတယ်။ ဒါပေမဲ့ ဖုန်းဟာ miss call ဖြစ်သွားတာကြောင့် ပြန်လည်ခေါ်ဆိုရာကနေ နောက်ပိုင်းမှာ ဖုန်းပုံမှန်ပြောဖြစ်ပြီး ချစ်သူတွေ ဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။ 

သူတို့(၂)ဦးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က မင်္ဂလာဆောင်ခဲ့ပါတယ်။ထူးခြားချက်ကတော့ သူတို့နှစ်ဦးရဲ့မင်္ဂလာဆောင်ကိုအဖွဲ့ဝင်(၂၀၀)ကျော်ပါဝင်တဲ့ စီးပွားရေးဖိုရမ်တစ်ခုက ရန်ပုံငွေထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ အခုလိုမင်္ဂလာဆောင်ကို သရုပ်ဆောင် Vivek Obero လည်း တက်ရောက်ခဲ့ပါသေးတယ်။

အိန္ဒိယနိုင်ငံမှာ တစ်နှစ်ကို အက်စစ်နဲ့ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ဟာ ခန့်မှန်းခြေ(၁၀၀၀)နီးပါးရှိခန့်ရှိတယ်လို့လည်းသိရပါတယ်။

Source:BBC

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။