ပွဲမှာ မိုက်လုတဲ့ မိုက်ခဲတွေ သတိတော့ထားသင့်ပြီးနော်..အခန့်မသင့်ရင် အသက်တောင်ပေးရမယ်နော်။သီချင်းတောင်ရှိသေးတယ်။ မိုက်ခဲတွေအတွက်သတင်းတစ်ပုဒ်ကိုဖော်ပြလိုက်ပါတယ်။ဗီယက်နမ်နိုင်ငံတောင်ပိုင်းက မင်္ဂလာပွဲတစ်ခုမှာ သီချင်းသီဆို ဖျော်ဖြေနေစဉ် ခိုက်ရန်ဖြစ်ပွားတဲ့အတွက် လူတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ Daily mail မှာဖော်ပြထားပါတယ်။

ငုယင်နော့ဂ် ဒစ်ပ်( Nguyen Ngoc Diep)ဆိုသူဟာ မင်္ဂလာမောင်နှံအတွက် သီဆိုဖျော်ဖြေပေးနေစဉ် မင်္ဂလာပွဲလာ ဧည့်သည်တစ်ဦး က သူ့ရဲ့ ဖျော်ဖြေမှုကို ပျက်ရယ်ပြုပြီး မိုက်ကိုလုယူသွားခဲ့တဲ့အတွက် စကားများရန်ဖြစ်ခဲ့ပါတယ်။ ရန်ဖြစ်ပြီးနောက်မှာတော့ မစ္စတာ ဒစ်ပ်ဟာ သူ့နေအိမ်ကနေ ဓားသွားယူပြီး ညနေပိုင်းအချိန်မှာ မင်္ဂလာပွဲကို ပြန်ရောက် လာခဲ့ပါတယ်။ မစ္စတာ Diepက သူ့ကို ပျက်ရယ်ပြုခဲ့တဲ့ အမျိုးသားကို ဓားနဲ့ ထိုးခဲ့တဲ့အတွက် ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့နှစ်ဦး စကားများရန်ဖြစ်တာကို တားခဲ့တဲ့ ဧည့်သည်ကိုတော့ ဓားနဲ့အချက်ပေါင်းများစွာ ထိုးခဲ့တဲ့အတွက် ဆေးရုံအရောက်မှာ ကွယ်လွန်ခဲ့ပါတယ်။

လက်ရှိမှာတော့ မစ္စတာ Diep ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ကျေးလက်တောရွာတွေက မင်္ဂလာပွဲတွေဟာ အစားအစာတွေ၊ အရက်သောက်စားမှုတွေနဲ့ သီချင်းဆိုဖျော်ဖြေမှုတွေပါဝင်ပြီး (၃)ရက်တာ ကျင်းပလေ့ရှိတယ်လို့သိရပါတယ်။ကဲမိုက်ခဲတွေ သတိထားနော်….

Source: DailyMail

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။