ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ တူးမြောင်းတွေထဲကမှ အလှဆုံးတစ်ခုလို့ပြောရမယ့် အီတလိနိုင်ငံရှိ ဗင်းနစ်တူးမြောင်းများအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပအားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ရေပြင်မြို့တော်လို့ ရည်ညွှန်းတင်စားကြတဲ့ အီတလီနိုင်ငံ၊ ဗင်းနစ်မြို့တော်ဟာ ကမ္ဘာ့ရေပြင် မြို့တော်များတွင် အထင်ရှားဆုံးဖြစ်ပါတယ်။ ဒါ့အပြင် ဗင်းနစ်မြို့ရဲ့ အဓိက တူးမြောင်း တစ်ဖက် တစ်ချက်တွင်ရှိတဲ့ ရောမ ဂွန်ဒိုလာနှင့် အီတလီ ဗိသုကာ လက်ရာများက ဗင်းနစ်မြို့ကို ပိုမိုထင်ရှားစေခဲ့တာလည်း ဖြစ်ပါတယ်။ သို့သော်လည်း တူးမြောင်းငယ် ၁၅၀ ကျော်ကို တွဲသီထားသကဲ့သို့ဖြစ်နေတဲ့ ဗင်းနစ်မြို့ဟာ အီတလီတို့ ကောင်းစားခဲ့စဉ် အထွတ်အထိပ် ကာလမှာပင် ယိုယွင်းမှုများရှိခဲ့ပါတယ်။

photo credit pngtree

ဗင်းနစ်သို့ လာရောက်လည်ပတ်ကြသူများက ဗင်းနစ် တွင်နေထိုင်သူများထက် များပြားတာကြောင့် အလှပျက်မှုများရှိခဲ့သော်လည်း ကြည်နူးဖွယ် အလှအပများက ကျန်ရှိနေဆဲဖြစ်ပါတယ်။ ဗင်းနစ်မြို့ဟာ ယနေ့ထိတိုင် မော်တော်ယာဉ်များ မရှိသဖြင့် ရေပေါ် တက်စီလို့ ခေါ်ကြတဲ့ လှေငယ်များမှလွဲ၍ ဘယ်လိုယာဉ်တစ်စီးကိုမှ ခေါ်၍ရမှာမဟုတ်ပါဘူးနော်...။ နောင်လည်း အခုလိုမျိုးသွားရောက်လည်ပတ်ချင်စရာကောင်းတဲ့ နေရာဆန်းတွေအကြောင်းကို ဖော်ပြပေးသွားမှာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦး။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။