ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်တွင် လူသားများဖန်တီး တည်ဆောက်ထားတဲ့ အရောင်အသွေးအစုံအလင်ဖြင့် အလွန်လှပသော မြို့များထဲမှ အီဇာမေးလ်မြို့ (Izamal, Mexico) အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ လတ်တလော အနုပညာလှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကိုတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

အီဇာမေးလ်ကို ပဉ္စလက်မြို့တော်ဟု တင်စားခေါ်ကြပါတယ်။ မက္ကဆီကို နိုင်ငံရဲ့ ရွှန်းလက်နေတဲ့ အဝါရောင် နေရောင်ခြည်တန်းများ ပေါ်မှာ မျောပါနေတဲ့အလား အီဇာမေးလ်မြို့ဟာ ကိုလိုနီအဆောက်အဦများဖြင့် အဖြူအမည်း ဓာတ်ပုံတစ်ခုလို ဖြစ်နေပါတယ်။ ဘယ်လိုမျိုးရာသီဥတုတွင်ဖြစ်စေ အီဇာမေးလ်မြို့သို့ ရောက်ရှိလာကြသူများဟာ မမေ့ပျောက်နိုင်မယ့် နွေးထွေးသော မြို့ပြမြင်ကွင်းများကို မြင်ကြရမှာ ဖြစ်ပါတယ်။

photo credit pngtree

ကောဘယ်လ် ကျောက်သားများဖြင့် ခင်းထားတဲ့ လမ်းတစ်လျောက်တွင် ထုံးကျောက်များဖြင့် တည်ဆောက်ထားသော ဘုရားကျောင်းများ၊ အစိုးရရုံး အဆောက်အအုံများက အစီအရီတည်ရှိနေကြပါတယ်။ ထပ်တရာပန်းကဲ့သို့ အနီတစ်ထပ်၊အဝါတစ်ထပ်ဖြစ်နေတဲ့ အဆောက်အအုံများထဲတွင် အထူးခြားဆုံးသော အဆောက် အအုံတစ်ခုမှာ ၁၆ ရာစုလက်ရာ "Basilica of San Antonie de Padua" ဖြစ်ပြီး ထိုအဆောက်အဦးဟာ မက္ကဆီကို နိုင်ငံရဲ့ ရှည်လျားသော သမိုင်းနှင့်ကြွယ်ဝသော ဒဏ္ဍာရီများရဲ့ ဗဟိုချက်မနေရာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။