မင်းသမီးချောလေးသွန်းကတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်တဲ့ သူမကတော့ ကျရာနေရာမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ မင်းသမီးလေးတစ်လက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်သရုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ 

photo credit : ‪OnePixel‬
photo credit : ‪OnePixel‬

သူမကတော့ စကားပြောသွက်လက်ပုံလေးတွေ ဖော်ဖော်ရွေရွေနေထိုင်တတ်ပုံလေးတွေ ချစ်စရာကောင်းတဲ့ စကားပြောပုံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရသူလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုရယူထားနိုင်တဲ့ သွန်းဆက်ကတော့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် သူမရဲ့ လူမှုကွန်ယက်ထက်မှာ တင်ပေးလေ့ရှိပါတယ်။ 

photo credit : ‪OnePixel‬
photo credit : ‪OnePixel‬

သူမကတော့ " ဘယ်အရာမဆို ကိုယ်ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ အရိပ်တစ်ခုကတော့ ကိုယ့်အနောက်ကိုလိုက်နေမှာပဲလေ.....ကိုယ့်အရိပ်ကို ကိုယ်ချစ်မြတ်နိုးတန်ဖိုးထားပီး ကောင်းတဲ့ “ အရိပ် “ လေးတွေပဲ နောက်ကနေ အမြဲလိုက်နေကြပါစေရှင့် " ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် သွန်းဆက်ရဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေ လှပနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

photo credit : Thun Sett 's facebook account 

photo credit : ‪OnePixel‬
photo credit : ‪OnePixel‬

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။