ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ပင်လယ်ရေအောက်မျက်နှာပြင်နဲ့ ပတ်သက်ပြီး ထူးဆန်းဖွယ် အကြောင်းအရာနှစ်ခုကို တင်ဆက်ပေးသွားမှာပါ။ အဲ့ဒီအကြောင်းအရာတွေကတော့ ပင်လယ်ပြင်အောက်မှာ ထပ်မံစီးဆင်းနေတဲ့ မြစ်တစ်စင်းနှင့် သေစေနိုင်သော ရေခဲလက်များ အကြောင်းပဲဖြစ်ပါတယ်။ အခုလို ထူးဆန်းအံ့သြဖွယ် အဖြစ်အပျက်တွေကို အချိန်နဲ့တပြေးညီ ဖတ်ရှုချင်တယ်ဆိုရင်တော့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့တော့ မမေ့ပါနဲ့နော်။

photo credit pngtree

Black sea ပင်လယ် ကြမ်းခင်းအောက်မှာ ရေအရောင် မတူညီတဲ့ မြစ်တစ်စင်း ထပ်မံစီးဆင်းနေတာ ဖြစ်ပါတယ်။ ပင်လယ်ရေနှင့် မြစ်က ရေများဟာ ရောထွေးခြင်းမရှိပါဘူး။ စီးဆင်းနေတဲ့ ပင်လယ်အောက် မြစ်ကမ်းတွင် သစ်ပင်၊ ပန်းပွင့်၊ ရေတံခွန် များတောင် တွေ့ရတယ်လို့ ဆိုပါတယ်။ သိမ်း (Thame) မြစ်ထက် အဆပေါင်း ၃၅၀ ထက်ကြီးပြီး ဥရောပ အကြီးဆုံးမြစ် "Rhine"ထက် ၁၀ ဆလောက်ကြီးမားတာ ဖြစ်ပါတယ်။

photo credit Once A Glance Page

အာတိတ် နှင့် အတ္တလန်တစ် ဒေသတွေမှာ အဖြစ်များပါတယ်။ ပင်လယ် ကြမ်းခင်း သို့မဟုတ် ရေကန်တွေ မှာ ဖြစ်ပေါ်တက်ပါတယ်။ မြန်မာလို ပြောရင် ရေခဲ ကျောက်စက်ပန်းဆွဲလို့ ပြောရမှာပါ။ ဒါပေမဲ့ သူတို့က ဆားငံရေထဲမှာ ဖြစ်ပေါ်နေပြီး ရေခဲလက် တွေက ပုံမှန်ထက် သာလွန်အေးခဲနေတာပါ။ ထိုအေးခဲနေတဲ့ ဆားငံရေ ရေခဲလက်ထဲမှာ ပိတ်မိနေသော သတ္တဝါမှန်သမျှ အေးခဲသေဆုံးသွားတာကြောင့် အန္တရာယ်ရှိတဲ့ အရာများလို့ ဆိုရမှာပါ။ နောင်လည်း ထူးဆန်းဖွယ် အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက်စောင့်မျှော် အားပေးကြပါဦးနော်။

Source Once A Glance Page 

photo credit Once A Glance Page 

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။