ပရိသတ်ကြီးရဲ့ ဘဝအမောတွေ ပြေပျောက်သွားရအောင် ချစ်စဖွယ်ကောင်းတဲ့ တိရိစ္ဆာန်လေးတွေရဲ့ ပုံရိပ်များကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အိုက်တင်ကောင်းကောင်းနဲ့ သရုပ်ဆောင်ထားသလားထင်မှတ်ရအောင် ကိုယ်တော်ချောလေးတို့ရဲ့ ပုံလေးတွေက ကြည့်ကောင်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တိရိစ္ဆာန်လေးတွေရဲ့ အပြန်အမှန် မေတ္တာထားတတ်ပုံ၊ သူတို့ရဲ့ သခင်တွေ ချစ်သထက်ချစ်လာအောင် ပြုမူလှုပ်ရှားပုံလေးတွေကိုလည်း မြင်တွေ့ရမှာပါနော်...။

photo credit Bright Side

ပထမဦးဆုံး မြင်တွေ့ရမယ့် ပုံရိပ်လေးကတော့ အိမ်တံခါးမကြီးရဲ့ အပေါ်မှာ စတိုင်လ်အပြည့်နဲ့ ပြုတ်မကျအောင် ဟိုဘက်ဒီဘက် balance ညီညီ ရပ်နေတဲ့ ကြောင်ကလေး ကိုယ်တော်ချောပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပန်းခြံထဲမှာ ကလေးစီးစရာတွေကို တက်စီးနေတဲ့ panda လေးနှစ်ကောင်၊ ခွေးမဲကြီးရဲ့ ကိုယ်ပေါ်ကနေ တစ်ဆင့်တက်ပြီး မမှီမကန်းနဲ့ အစာကိုချောင်းနေတဲ့ ခွေးဖြူလေး၊ ချစ်ခြင်းကို ခွဲမရဖြစ်နေတဲ့ အိမ်မြှောင် couple တို့ရဲ့ ပုံရိပ်တွေဟာဆိုရင် မြင်သူတကာကို ပြုံးရယ်သွားအောင် လုပ်လိုက်နိုင်တာ ဖြစ်ပါတယ်။ 

photo credit Bright Side
photo credit Bright Side

နောက်ပြီး ကျန်းမာရေးလိုက်စားနေတဲ့ ဝက်ကလေးကို မြင်တွေ့ကြမှာပါနော်။ သူကတော့ gym တွေဘာတွေ သွားတာမျိုးမဟုတ်ဘဲ ရေကူးကန်မှာ လက်ပစ်ကူးနေတာပါ။ ကုလားအုတ်ပေါ်ကို တောင်ကြီးသဖွယ်မှတ်ပြီး တက်နေကြတဲ့ ဆိတ်လေးတို့ရဲ့ ပုံရိပ်ဟာလည်း ကြည်နူးဖွယ် မြင်ကွင်းလေးပါပဲနော်။ bulldog အမျိုးအစား ဆရာသမားခွေးကလေးကတော့ ရောဂကျင့်တဲ့ပုံစံလုပ်ပြီး အားလုံးကို ဖမ်းစားလိုက်ပါတယ်။ နောက်ဆုံးမြင်တွေ့ရမယ့် ငှက်ကလေးနဲ့ ကြွက်ကလေးရဲ့ ပုံရိပ်ဟာဆိုရင်လည်း မျိုးရိုးသဘာဝချင်းမတူညီသော်လည်း ချစ်ခြင်းမေတ္တာကို ဝေမျှနိုင်ကြောင်း ဖော်ကြူးထားသလို ဖြစ်ပါတယ်။

photo credit Bright Side  

photo credit Bright Side
photo credit Bright Side
photo credit Bright Side
photo credit Bright Side
photo credit Bright Side

မည်သည့်တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ 

Reference Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။