ယခုတစ်ပတ်တွင် ကျင်းပသွားမည့် MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ပွဲစဉ်(၉) ပွဲစဉ်များအနက်မှ ဇွဲကပင်ယူနိုက်တက်- ဆောက်သမ်းမြန်မာပွဲစဉ်အား မူလသတ်မှတ်ထားသည့် ရက်မှ ရှေ့တစ်ရက်စောကာ မတ်လ ၇ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ် ။အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပလျက်ရှိသည့် AFC Cup 2020 ပွဲစဉ်များကို မြန်မာနိုင်ငံကိုယ်စားပြုအသင်းများအဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်လျက်ရှိပြီး အိမ်ကွင်းအဖြစ် သုဝဏ္ဏကွင်းကို လက်ခံကျင်းပပေးလျက်ရှိပါတယ် ။ 

Photo Credit -Myanmar National League Facebook Page
Photo Credit -Myanmar National League Facebook Page

လာမည့် မတ်လ ၁၀ ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် စင်ကာပူကလပ် ဟောင်ဂန်းယူနိုက်တက်အသင်းတို့ AFC Cup 2020 Group (F) ပွဲစဉ်အဖြစ် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သွားရမည်ဖြစ်ပါတယ် ။အာရှဘောလုံးအဖွဲ့ချုပ်သည် AFC Cup ပွဲစဉ်များကို ပုံမှန်အားဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့များတွင် နှစ်စဉ် ကျင်းပပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ရန်ကုန်ယူနိုက်တက်- ဟောင်ဂန်းယူနိုက်တက်ပွဲစဉ်ကို မတ်လ ၁၀ ရက်(အင်္ဂါနေ့)တွင် ကျင်းပရန် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ် ။

Photo Credit -Myanmar National League Facebook Page
Photo Credit -Myanmar National League Facebook Page

ထို့ကြောင့် ယင်းပွဲစဉ်မတိုင်မီ မတ်လ ၈ ရက်တွင် ကျင်းပပြုလုပ်ရန် သတ်မှတ်ထားသည့် MPT Myanmar National League 2020 Week 9 မှ ဇွဲကပင်ယူနိုက်တက်- ဆောက်သမ်းမြန်မာ ပွဲစဉ်အား နှစ်ဖက်ကလပ်အသင်း တာဝန်ရှိသူများ၏ သဘောတူညီမှုအရ တစ်ရက်ရှေ့တိုးကာ မတ်လ ၇ ရက်တွင် သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်ပါတယ် ။

source-Myanmar National League Facebook Page

Photo Credit -Myanmar National League Facebook Page
Photo Credit -Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။