ချန်ပီယံလမ်းကြောင်းပေါ်က ရတနာပုံနဲ့ ရန်ကုန်တို့ ထိပ်တိုက်တွေ့ဆုံနေ သည့် MNL MAX CEMENT 2017 (Week-15) ပွဲကြို သုံးသပ်ချက်

၂၇-၅-၂၀၁၇ ရတနာပုံ - ရန်ကုန် (ညနေ ၄းဝ၀) မန္တလာသီရိ Live

ပထမအကျော့ရလဒ် - ရန်ကုန် ၂-၁ ရတနာပုံ

အမှတ်ပေးဇယား အဆင့် ၃ နဲ့ အဆင့် ၁ နေရာက ရတနာပုံအသင်းနဲ့ ရန်ကုန်အသင်းတို့ရဲ့ တွေ့ဆုံမှုပဲ ဖြစ်ပါတယ်။ ရတနာပုံအသင်း

အနေနဲ့ အမှတ်ကွာဟမှု ကျဉ်းမြောင်းအောင် လုပ်နိုင်မှ ချန်ပီယံဆု ကာကွယ်ဖို့အတွက် အခြေအနေကောင်းနိုင်မှာ ဖြစ်သလိုရန်ကုန် အသင်း အနေနဲ့လဲ ချန်ပီယံဖြစ်ဖို့ဆိုရင် ဒီပွဲမှာ ရလဒ်ကောင်းဖို့ အရေးကြီးပါတယ်။ ဒီပွဲမှာ ရန်ကုန်အသင်း အားထားရတဲ့ နောက်ခံလူ ဒေးဗစ်ထန်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါနိုင်မှာမဟုတ်လို့ ရန်ကုန်အသင်းအတွက် နစ်နာစရာတစ်ခုဖြစ်လာပါတယ်။ ရတနာပုံအသင်းအနေနဲ့ ရှုံးပွဲမရှိသေး

တဲ့ ရန်ကုန်ကို ရှုံးပွဲတွေ့အောင် လုပ်နိုင်မလား..ရန်ကုန််အသင်းကပဲ ပထမအကျော့က ရလဒ်ကောင်းကို ဆက်ထိန်းနိုင်မလားဆိုတာ မကြာခင် မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။

၂၇-၅-၂၀၁၇ ဧရာဝတီိ - ဟံသာဝတီ (ညနေ ၃း၃၀) ပုသိမ်

ပထမအကျော့ရလဒ် - ဟံသာဝတီ ၃-၃ ဧရာဝတီ

ဘောလုံးရာသီအကုန်မှာ အမှတ်ပေးဇယား ထိပ်ပိုင်း ပြန်ရောက်နိုင်အောင် ကြိုးစားနေတဲ့ ဧရာဝတီအသင်းက ပြီးခဲ့တဲ့တစ်ပတ်မှာ ရတနာပုံအသင်း

ကို ရှုံးခဲ့ပေမယ့် ခြေစွမ်းအညံ့ကြီး မဟုတ်တာ တွေ့ရပါတယ်။ အလားတူပဲ ဧည့်သည်အဖြစ် လာကစားမယ့် ဟံသာဝတီအသင်းကလဲ တောက်လျှောက်ခြေစွမ်းတွေ ပြန်လည်တက်လာတဲ့ အသင်းဖြစ်ပါတယ်။ ဒီနှစ်သင်းတွေ့ဆုံမှုက ပထမအကျော့တုန်းကလိုပဲ အပြန်အလှန် ဂိုးတွေ သွင်းကြဖို့ ရှိနေပါတယ်။ ဧရာဝတီအသင်းကတော့ အိမ်ရှင်အားသာချက်နဲ့ ကစားသမားအင်အားပိုင်းမှာ အနည်းငယ် အားသာနေပါတယ်။

၂၇-၅-၂၀၁၇ ဆောက်သမ်း - ရှမ်းယူနိုက်တက် (ညနေ ၃း၃၀) မော်လမြိုင်

ပထမအကျော့ ရလဒ် - ရှမ်းယူနိုက်တက် ၂-၀ ဆောက်သမ်း

ပြီးခဲ့တဲ့ တစ်ပတ်တုန်းက ရန်ကုန်ကို အိမ်ကွင်းမှာ သရေကစားနိုင်ခဲ့တဲ့ ဆောက်သမ်းအသင်းရဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းက ချီးကျူးစရာပါပဲ။ ဒီတစ်ပတ်

မှာလဲ ချန်ပီယံလမ်းကြောင်းပေါ်က ရှမ်းယူနိုက်တက်အသင်းနဲ့ ထပ်ပြီး အိမ်ကွင်းမှာ ကစားရမှာပဲဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အသင်းအနေနဲ့လဲ

အမှတ်ပေးဇယား ထိပ်က ရန်ကုန်အသင်း ..ရတနာပုံနဲ့ ပွဲကြပ်ကစားနေ ရတဲ့ အချိန်မှာ အနိုင်သုံးမှတ်ယူထားနိုင်ဖို့ လိုအပ်ပါတယ်။ အိမ်ရှင်ဆောက်

သမ်းအနေနဲ့ ဧည့်သည် ရှမ်းယူနိုက်တက်အသင်းရဲ့ နိုင်နေတဲ့ အရှိန်ကို ထပ်ပြီး ရပ်တန့်နိုင်မလား..ဆိုတာ စိတ်ဝင်စားစရာပါပဲ။

၂၇-၅-၂၀၁၇ ဇွဲကပင် - မကွေး (ညနေ ၄းဝ၀) အောင်ဆန်း

ပထမအကျော့ ရလဒ် - မကွေး ၄-၀ ဇွဲကပင်

ဇွဲကပင်အသင်းက ဒုတိယအကျော့မှာ ရလဒ်ဆိုးရွားနေလို့ ပြောင်းလဲမှုတွေ ပြုလုပ်ထားပေမယ့်လဲ ထင်သလောက် ပြန်လည်ကောင်းမွန်လာခြင်း

မရှိပါဘူး။ ဒါကြောင့် လက်ရှိ ဇွဲကပင်အသင်းက တန်းဆင်းဇုန် အန္တရယ်နဲ့ ကြုံတွေ့နေရပါပြီ။ မကွေးအသင်းကလဲ ဒီနှစ်မှာ AFC Cup နဲ့ လိဂ်ပြိုင်ပွဲ

အကြား ဗျာများနေခဲ့ပေမယ့် အသင်းကြီးတစ်သင်းပါပဲ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ မကွေးအသင်းအနေနဲ့ ပထမအကျော့တုန်းကလို ဂိုးပြတ် နိုင်ဖို့တော့ သိပ်မရှိပါဘူး။ နှစ်သင်းစလုံးက ရလဒ်ကောင်းတွေ ရဖို့ ရုန်းကန်ကြမှာဖြစ်လို့ အကြိတ်အနယ်ရှိမယ့် ပွဲကောင်းတစ်ပွဲပါပဲ။

၂၇-၅-၂၀၁၇ GFA - နေပြည်တော် (ညနေ ၄းဝ၀) သုဝဏ္ဏ

ပထမအကျော့ရလဒ် - နေပြည်တော် ၂-၂ GFA

ဒီပွဲစဉ်ကိုတော့ တန်းဆင်းဇုန် တိုက်ပွဲလို့ပဲ ခေါင်းစဉ် တပ်ချင်ပါတယ်။ နှစ်သင်းစလုံးက တန်းဆင်းဇုန်ထဲမှာ ကြနေပြီး ဒီပွဲမှာ နိုင်တဲ့ အသင်းက

တန်းဆင်းဇုန်ကနေ လွတ်မှာဖြစ်လို့ ရတနာပုံနဲ့ ရန်ကုန်ပွဲပြီးရင် ဒီပွဲက ဒုတိယအကြိတ်အနယ်အရှိဆုံးဖြစ်မယ့် ပွဲပါပဲ။ GFA အသင်းရဲ့ အသင်း

လိုက်ကစားအားနဲ့ စုဖွဲ့မှုက အသင်းတိုင်းကို ခုခံနိုင်စွမ်းရှိသလို နေပြည်တော်အသင်းရဲ့ အသင်းလိုက်ကစားအားကလဲ အနေအထား တစ်ခုအထိ ရှိပါတယ်။ GFA နဲ့ နေပြည်တော်....ဘယ်အသင်းက နိုင်ပြီး တန်းဆင်းဇုန်က လွတ်သွားမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

၂၈-၅-၂၀၁၇ ချင်းနိုက်တက် - ရခိုင်ယူနိုက်တက် (ညနေ ၄းဝ၀) အောင်ဆန်း Live

ပထမအကျော့ရလဒ် - ရခိုင်ယူနိုက်တက် ၃-၁ ချင်းယူနိုက်တက်

လက်ရှိမှာ ရခိုင်ယူနိုက်တက်အသင်းက ရာသီကုန် တန်းမဆင်းရဖို့ ရာခိုင်နှုန်း များသွားပြီဆိုပေမယ့် ချင်းယူနိုက်တက်အသင်းကတော့ တန်းဆင်းဇုန် အန္တရာယ်နဲ့ အနီးကပ်ဆုံးမှာ ရှိနေပါတယ်။ ချင်းယူနိုက် တက်အသင်းက တန်းဆင်းဇုန်က ဝေးဖို့ဆိုရင် ရခိုင်ယူနိုက်တက် အသင်းနဲ့ပွဲမှာ ရလဒ်ကောင်းဖို့ လိုနေပါတယ်။ ဒါပေမယ့် ရခိုင်ယူနိုက် တက်အသင်းကလဲ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတွေထဲမှာ စိတ်ဓာတ်နဲ့ ကစားအား အကောင်းဆုံးအသင်းတွေထဲက အသင်းတစ် သင်းပါပဲ။ ဖိအားတွေနဲ့ ချင်းယူနိုက်တက်အသင်းအနေနဲ့ ရခိုင်ယူနိုက်တက် အသင်းကို အနိုင်ရနိုင်ပါ့မလား..စိတ်ဝင်စားစရာပါ။  

MNL MAX CEMENT 2017 (Week-15) ပွဲစဉ်များ

---------------------------------------------------

၂၇-၅-၂၀၁၇ ရတနာပုံ - ရန်ကုန် (ညနေ ၄းဝ၀) မန္တလာသီရိ Live

၂၇-၅-၂၀၁၇ ဧရာဝတီိ - ဟံသာဝတီ (ညနေ ၃း၃၀) ပုသိမ်

၂၇-၅-၂၀၁၇ ဆောက်သမ်း - ရှမ်းယူနိုက်တက် (ညနေ ၃း၃၀) မော်လမြိုင်

၂၇-၅-၂၀၁၇ ဇွဲကပင် - မကွေး (ညနေ ၄းဝ၀) အောင်ဆန်း

၂၇-၅-၂၀၁၇ GFA - နေပြည်တော် (ညနေ ၄းဝ၀) သုဝဏ္ဏ

၂၈-၅-၂၀၁၇ ချင်းနိုက်တက် - ရခိုင်ယူနိုက်တက် (ညနေ ၄းဝ၀) အောင်ဆန်း Live

Source: MNL

Aung

ယနေ့ ညနေ ၄းဝ၀ နာရီတွင် မန္တလေးမြို့ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကစားကြမည့် ရတနာပုံ အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့၏ ပွဲထွက်ကစားသမား စာရင်း ဖြစ်ပါသည်။ ယင်းပွဲကို For Sports နှင့် MRTV ရုပ်သံလိုင်းများမှ တိုက်ရိုက်ပြသသွားမည် ဖြစ်ပါသည်။

မေ ၂၇ ရက်နေ့မှာ ကစားကြမယ့် ရတနာပုံအသင်းနဲ့ ရန်ကုန်အသင်းတို့ပွဲစဉ်အပေါ် ရန်ကုန်အသင်း ပရိသတ်အချို့ရဲ့ ပွဲကြို ရင်ခုန်သံများပဲ ဖြစ်ပါတယ်။

မေ ၂၇ ရက်နေ့မှာ ကစားကြမယ့် ရတနာပုံအသင်းနဲ့ ရန်ကုန်အသင်းတို့ပွဲစဉ်အပေါ် ရတနာပုံအသင်း ပရိသတ်အချို့ရဲ့ ပွဲကြို ရင်ခုန်သံများပဲ ဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။