မင်းသမီးချောလေးခင်သဇင်ကတော့ ၁၅ နှစ်ကျော်လောက် အူဝဲကို ချစ်ခင်အားပေးလာခဲ့ရတဲ့ အကြောင်းပြောပြလာခဲ့ပါတယ်။ သူမကတော့ " မနေ့က နတ်ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူး ပြီးစီးသွားပါပြီ....ချစ်ရတဲ့ သူမ နဲ့လည်း ခွဲရပါပြီ...ခွဲခါနီးလေး အမိအရ ဓာတ်ဖမ်းခဲ့ပါတယ်။သူမ နဲ့ ပုံလေးကို တစိမ့်စိမ့်ကြည့်ရင်း သူမ နဲ့ငါ ဘယ်နေရာလေး များ တူမလဲ ရယ်လို့ လိုက်တိုက်နေမိပါသေးတယ်ရူးပါ့ကွယ် " ဆိုပြီးရေးသားထားခဲ့ပါတယ်။

photo credit : Khin Thazin 's facebook account
photo credit : Khin Thazin 's facebook account

သူမကတော့ " မတန်မရာဘယ်နားမှ တူမနေပါဘူး ...ဒါပေမယ့် ကျေနပ်ပါတယ်လေ ဒီလိုလေး တွဲရိုက်ခွင့်ရတာကိုပဲ....ဘယ်ရည်းစားမှတောင် ၁၅ နှစ်ကျော်လောက် ချစ်လာခဲ့တာ မဟုတ်ဘူး မဟုတ်လား ...သူမကို တော့ ချစ်ခဲ့တာ ၁၅ နှစ်ကျော်နေပြီ ဆိုတော့ ရင်ထဲမှာ သံမှိုစွဲနေပြီ ဖြစ်တဲ့ အချစ်.....စစ်စစ်...ရေမရော ..ထူးရှယ် .အခုလိုလေး အနုပညာ သမား တစ်ယောက်ကို ရင်ထဲကနေ ရှိရှိ သမျှတွေကို ပုံအောပြီး ချစ်ရတာလည်း အရသာ တစ်မျိုးပဲနော် " ဆိုပြီး ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Khin Thazin 's facebook account
photo credit : Khin Thazin 's facebook account

သူမကတော့ " အချစ်လွန်ပြီး မအူဝဲ ဟန်တွေ အိုက်တင်တွေ မလုပ်မိစေဖို့ပဲ ကိုယ့်ကိုကိုယ် အထပ်ထပ် ဆင်ခြင် နေရပါတယ်။ အိုက်တင် သူခိုး တစ်ယောက် မ ဖြစ်ချင်လို့ပါ ။အမ ကို အားကျလို့ အိုက်တင်တွေကိုလည်း မတရားတွေ ကြိုးစားနေပါပြီ..... တနေ့ တော့ သူမလို လေး ဖြစ်ချင်တာ ဆိုတဲ့ ရည်မှန်းချက်လေးနဲ့ပေါ့ " ဆိုပြီး ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

source: Khin Thazin 's facebook account 

photo credit : Khin Thazin 's facebook account
photo credit : Khin Thazin 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။