မြန်မာကြက်တောင်အားကစားမယ်သက်ထားသူဇာကတော့ ပေါ်တူဂီပြိုင်ပွဲ နဲ့ Poland ပြိုင်ပွဲနှစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်လျက်ရှိနေပြီး Corona Virus Case ကြောင့် Cancel ဖြစ်သွားခဲ့ကာ ပေါ်တူဂီနိုင်ငံမှာ ရောက်ရှိနေပါတယ်။ သူမကတော့ ယခုမှာ Myanmar Pride Award ဆုပေးပွဲမှာ ဆုရရှိခဲ့ပြီး မြန်မာ့ဂုဏ်ဆောင် အဖြစ် ဆုရရှိတာ ဖြစ်လို့ ပျော်ရွှင်နေခဲ့ပါတယ်။

photo credit : THET HTAR Thuzar 's facebook page
photo credit : THET HTAR Thuzar 's facebook page

သူမကတော့ " အားလုံးပဲ မင်္ဂလာပါ.. သက်ထား အခု ပေါ်တူဂီနိုင်ငံမှာ အိုလံပစ်ပြိုင်ပွဲဝင်ရောက်ယှင်ပြိုင်ခွင့်ရရေးအတွက် လေ့ကျင့်ဖို့ ပြိုင်ပွဲဝင်ဖို့ရောက်နေပါတယ်။ ပေါ်တူဂီပြိုင်ပွဲ နဲ့ Poland ပြိုင်ပွဲနှစ်ခု Corona Virus Case ကြောင့် Cancel ဖြစ်သွားလို့ စိတ်မကောင်းဖြစ်နေပေမဲ့ဒီနေ့ မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ Myanmar Pride Award ဆုပေးပွဲမှာ ဆုရရှိတာ သိရတဲ့အတွက် ဂုဏ်ယူပျော်ရွှင်ရပါတယ်ရှင့် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

photo credit : THET HTAR Thuzar 's facebook page
photo credit : THET HTAR Thuzar 's facebook page

သူမကတော့ " ဒီဆုကိုရရှိဖို့ သက်ထားကို အများကြီး အားပေးထောက်ကူကြလို့လည်း အားပေးကြသူ အယောက်ချင်းစီကို အထူးကျေးဇူးတင်ပါတယ်..Myanmar’s Pride ဆိုတဲ့ အတိုင်း မြန်မာ့ဂုဏ်ဆောင် အဖြစ် ဆုရရှိတာ ဖြစ်လို့လည်း ပိုပြီး ကျေနပ်ပျော်ရွှင်နေပါတယ်ဆက်ပြီးတော့လည်း မြန်မာလို့ ကမ္ဘာမှာဝံ့ကြွားနိုင်တဲ့ အားကစားသမားတစ်ဦးအဖြစ် ခုထက်ပို ကြိုးစားသွားဦးမှာဖြစ်ပါတယ်.. အားလုံးကို ကျေးဇူးတင်ပါတယ် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

source: THET HTAR Thuzar 's facebook page

photo credit : THET HTAR Thuzar 's facebook page
photo credit : THET HTAR Thuzar 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။