ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဘုရင့် လေတပ်ယာဉ်သင်္ချိုင်း (RAF Folkingham) အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ဗြိတိန်နိုင်ငံ လင်ကွန်းရှိုင်းယားရှိ ဖော့ကင်ဟမ်အား ရန်သူများ အထင်မှားစေရန် လေယာဉ်အတုများချထားတဲ့ လေယာဉ်ကွင်း အတုတစ်ခုအဖြစ် ၁၉၄၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၄၄ ခုနှစ်တွင်အမေရိကန်သို့ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဖော့ကင်ဟမ်မှာ တပ်စွဲထားသော "ဒေါက်ဂလတ်စ် C 47 ဒါကိုတာ" လေယာဉ်ကြီးများကို ဒီဒေးတိုက်ပွဲ အတွင်းအသုံးပြုခဲ့တာ ဖြစ်ပါတယ်။

photo credit WIKIPEDIA

၁၉၄၅ ခုနှစ်တွင် အမေရိကန်တို့က ဖော့ကင်ဟမ်အား ဗြိတိန် ဘုရင့်လေတပ်မတော်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက် ၁၉၄၇ ခုနှစ်တွင် လေယာဉ် ကွင်းအား ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းတွင် ဖော်မြူလာဝမ်း ပြိုင်ကားအသင်းက ဖော့ကင်ဟမ်ရှိ လေယာဉ်ပြေးလမ်းများကို ယာဉ်စမ်းသပ်ကွင်းအဖြစ် အသုံးပြုခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်တွင် ဘုရင့်လေတပ်မတော်က သာမိုနျူကလီးယား ဒုံးကျည်စခန်းတစ်ခုအဖြစ်သုံးခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် အပြီးပိတ်သိမ်းကာ စိုက်ပျိုးမြေ တစ်ခုအဖြစ် ရောင်းချခဲ့ပါတယ်။

photo credit WIKIPEDIA

ယခုအခါတွင် ဖော့ကင်ဟမ်ဟာ နယ်လ်စင်အမ်ဂရင်းနှင့် သားများ ပိုင်ဆိုင်သော လေယာဉ်ကွင်းဟောင်းတစ်ခုအဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရာပေါင်းများစွာသော ယာဉ်များနှင့် အစိတ်အပိုင်းများကို သိုလှောင်ထားတဲ့ နေရာတစ်ခုလို့လည်း ဆိုရမှာပါ။ စုပုံသိုလှောင်ထားသော ယာဉ်များတွင် ဘူဒိုဇာ အဟောင်းများ၊ လောင်စာဆီတင်ယာဉ်များ၊ ထွန်စက် များ၊ ကရိန်းများအပြင် ဒုတိယ ကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သော စစ်သုံးလော်ရီများ၊ သံချပ်ကာယာဉ်များလည်း ပါဝင်ပါတယ်။ ဒီဒေးနေ့မှာ ကမ်းတက်ခဲ့တဲ့ စစ်သုံး DUKW ကုန်းသွား ရေသွားယာဉ်တစ်စီးကိုပင် မြင်တွေ့နိုင်ကြမှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit WIKIPEDIA 

photo credit WIKIPEDIA
photo credit WIKIPEDIA

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။