ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ပျောက်ကွယ်တော့မယ့်လို့ ယူဆရတဲ့ ကမ္ဘာ့အလှဆုံးကျွန်းများထဲမှ တစ်ခုအပါအဝင်ဖြစ်တဲ့ Key West ကျွန်းအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။

photo credit pngtree

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတု ဖောက်ပြန်မှု၊ ဂေဟစနစ်ပျက်စီးလာမှု၊ လူတို့ရဲ့ စွန့်ပစ်ပစ္စည်း များပြားလာမှု၊ သဘာ၀ အန္တရာယ်များ တိုးပွားလာမှုအစရှိတဲ့ အကြောင်းများကြောင့် ပင်လယ်ရေပြင်ဟာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေတာ ဖြစ်ပါတယ်။ ရေမျက်နှာပြင် မြင့်တက်လာတာနဲ့အမျှ ပင်လယ်ပြင်အတွင်းရှိနေတဲ့ ကျွန်းများဟာ ပင်လယ်ရေအောက်သို့နစ်မြုပ်သွားမယ့် အန္တရာယ် နှင့် တစ်ဖြည်းဖြည်း နီးကပ်လျက်ရှိနေပြီး အဲ့ထဲမှာ ကီးဝက်စ် ကျွန်းဟာလည်း ပါဝင်နေပါတယ်။

photo credit pngtree

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရှိ ကီးဝက်စ်ကျွန်းရဲ့ နေရာ အတော်များများဟာ မြေပြင်မှ အမြင့်၁၂ ပေ မှ ၁၈ ပေ အတွင်းသာရှိတဲ့အတွက်ကြောင့် အစိုးရိမ်ရဆုံး ခန့်မှန်းချက်များ ထွက်ပေါ်လာချိန်မှလွဲပြီး ကီးဝက်စ်က ပင်လယ်ရေမျက်နှာပြင် အထက်တွင် တည်ရှိနေနိုင်သေးတာ ဖြစ်ပါတယ်။ သို့သော် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု ခန့်မှန်းမြေပုံများအရ ပင်လယ်ရေပြင် သုံးပေ ခန့်တက်လာတာနှင့် ကျွန်းရဲ့ နေရာအများစုဟာ ရေလွှမ်းမိုးခြင်း ခံရမှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ မောင် သာ ရှေးဟောင်းသုတေသနကိုကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။