ပရိသတ်တွေက ကျွန်တော့်ချစ်သူတွေပါပဲဆိုတဲ့ သရုပ်ဆောင် ဒေါင်း

ပရိသတ်တွေ နှစ်သက်အားပေးနေကြတဲ့ မန္တလေးသားလေး သရုပ်ဆောင် ဒေါင်းဟာ အနုပညာအလုပ်တွေကို အများကြီး မပြုလုပ်ဖြစ်တဲ့ အကြောင်းနဲ ့အနုပညာအပေါ်ထားရှိတဲ့ သူ ့ရဲ ့ခံယူချက်သဘောထားကို အခုလိုပဲပြောပြသွားပါတယ်။

"ကျွန်တော်က အနုပညာလှုပ်ရှားမှုတွေ သိပ်မများဘူး ။

အများက ကျွန်တော့်ကို အေးဆေးလွန်းနေတယ်လို့လည်း ထင်ကြတယ်။

တကယ်လည်း အေးအေးဆေးဆေးနေတတ်တာက ကျွန်တော့် အကျင့်ပါပဲ ။

လှုပ်ရှားမှု အသွက်ကြီးကို နှစ်သက်တဲ့ လူထဲမှာတော့ ကျွန်တော်မပါဘူးပေါ့ ။

တစ်ခုဆို တစ်ခု ပရိသတ်လက်ထဲကို အသေအချာရောက်ပြီး အကျိုးရှိအောင်လုပ်ပေးချင်ပါတယ်။ ပရိသတ်တွေက ကျွန်တော့်ချစ်သူတွေပါပဲ။

ကိုယ့်ချစ်သူလို သဘောထားတော့ချစ်သူအတွက် ကိုယ်ပေးတဲ့ အရာတွေ အားလုံးက အကောင်းဆုံးဖြစ်စေချင်တယ်။

ဒီတော့ ကျွန်တော်ပေးလိုက်တဲ့ အရာတိုင်း ဟာ ပရိသတ်တစ်ဦးချင်းစီမှာ အကောင်းဆုံး ပုံစံမျိုးနဲ့ ရှိနေမှာပါ" လို ့ဒေါင်းက ပြောပြသွားခဲ့တာပါ။

Source: Sunday 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။