စကော့တလန်နိုင်ငံက အသက်(၁၁)နှစ်အရွယ်ကျောင်းသူတစ်ဦးဟာ သူတက်ရောက်နေတဲ့ ကျောင်းကို စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲလိုက်တယ် လိုု့ Daily News မှာဖော်ပြထားပါတယ်။

သတင်းမှာဖော်ပြထားချက်အရ ဂလက်စ်ဂိုးမြို့မှာနေထိုင်တဲ့ ၁၁နှစ်အရွယ် မိန်းကလေးဟာ သူတက်ရောက်နေတဲ့ အပြစ်ပေးမှုကို အခုလို ဝေဖန်လိုက်တာပါ။ တကယ်လို့ ကျောင်းသားတစ်ယောက်က ဆိုးသွမ်းတဲ့ အပြုအမူ၊လက်မခံနိုင်တဲ့ အပြုအမှု တွေကို အခန့်မသင့်လို့ လုပ်ခဲ့မိရင်တော့ တစ်တန်းလုံးက အပြစ်ပေးခံရတဲ့ မူဝါဒကို ကျင့်သုံးတဲ့နေတာပါ။

အဲ့လိုအပြစ်ပေးခံရပုံနဲ့ ပတ်သက်ပြီးတော့ အခုလိုဝေဖန်လိုက်တာပါ။ ဝေဖန်ချက်ကိုတော့တက်ရောက်နေတဲ့ ကျောင်းနဲ့ ပတ်သက်ပြီး တပည့်တွေက အကြံပြုချက်ရေးသားရတဲ့ စာလွှာမှာ အခုလို ၁၁နှစ်အရွယ်မိန်းကလေးက ထည့်သွင်းရေးသားခဲ့တာပါ။ စုပေါင်း ပြစ်ဒဏ်ချမှတ်ခံရတာဟာ အပြစ်မဲ့တဲ့ လူတွေအတွက် တရားမျှတမှု မရှိတာကြောင့် (၁၉၄၉)ခုနှစ်က ဂျနီဗာ သဘောတူညီချက်အရ ဒါဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့လည်း ကလေးမလေးက ရေးသားခဲ့ပါတယ်။  

ဖခင်ဖြစ်သူက သမီးဖြစ်သူရဲ့ ခဲတံနဲ့ ရေးသားထားတဲ့ အကြံပြုချက်ကို လူမှုကွန်ရက် တွစ်တာပေါ်တင်ခဲ့ရာ ရေပန်းစားသွားခဲ့ပြီး လူ(၄)သိန်းကျော်က like လုပ်ခဲ့သလို၊အပြန်အလှန်ပြောဆိုမှုတွေလည်းရှိပါတယ်။

Source: DailyMail

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။