ဒီမနက်တက်လာတဲ့ သတင်းတစ်ခုကို တင်ပြပေးလိုက်ပါတယ်။သတင်းကတော့ “လက်မထက်ဘဲ အတူနေတဲ့စုံတွဲတွေ” အတွက် BBC မှာအခုလိုဖော်ပြထားပါတယ်။ဘူရန်ဒီနိုင်ငံတွင်းမှာရှိတဲ့ လက်မထပ်ရသေးဘဲအတူနေထိုင်တဲ့စုံတွဲတွေကို အခုနှစ်မကုန်ခင်လက်ထပ်ကြဖို့ အစိုးရအာဏာပိုင်တွေက တိုက်တွန်းလိုက်တယ်လို့ BBC သတင်းမှာဖော်ပြထားပါတယ်။

၂၀၁၇ နှစ်ကုန်ပိုင်းပိုင်းကစပြီး လက်မထပ်သေးတဲ့ အတူနေစုံတွဲတွေကိုတော့ တရားဥပဒေအရ အရေးယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတ ပီရား နျူရန်ဇီဇာရဲ့ “ကိုယ်ကျင့်တရားထိန်းသိမ်းတဲ့လူအဖွဲ့စည်း”ဆိုတဲ့အမည်နဲ့ လှုပ်ရှားမှုစတင်ပြီးနောက် အခုလို ထုတ်ပြန်လိုက်တာပါ။ လူဦးရေအဆမတန် တိုးပွားလာမှုကိုထိန်းချုပ်ဖို့ အတွက်နည်းလမ်းမကျတဲ့အတူနေထိုင်ပေါင်းသင့်မှုတွေ ကိုဖြိုခွဲရမှာဖြစ်တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုထားတာပါ။

ဘူရန်ဒီနိုင်ငံမှာ ကျောင်းသူအများအပြား ကိုယ်ဝန်ရှိမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြသလို တစ်ခါတစ်လေ အမျိုးသားတစ်ဦးထဲကအမျိုးသမီးမျာစွာနဲ့အတူ လက်မထက်ဘဲ အိမ်ထောင်တစ်ခုသဖွယ်ပေါင်းသင်းနေထိုင်ကြတယ်လို့ BBC သတင်းမှာဖော်ပြထားတာပါ။

Source: BBC

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။